DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်အဝင် ကျန်းမာ‌ရေးစစ်ဆေးမှု ပိုမိုတင်းကျပ်သဖြင့် မူဆယ်ဒေသခံများ အခက်တွေ့
DVB
·
October 16, 2024
တရုတ်နယ်စပ်အဝင် ကျန်းမာ‌ရေးစစ်ဆေးမှု ပိုမိုတင်းကျပ်သဖြင့် မူဆယ်ဒေသခံများ အခက်တွေ့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကနေ တရုတ်နယ်စပ်အဝင် ကျန်းမာ‌ရေးစစ်ဆေးမှု ပိုမိုတင်းကျပ်လာတာကြောင့် အခက်ကြုံ‌‌နေရတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ်ဒေသခံ အမျိုးသားတယောက်က “ကျနော် နေ့တိုင်းဝင်တယ်။ အဲဒီနေ့က တရုတ်ဘက်က ကျန်းမာရေးစစ်ဆေးဖို့ ခေါ်တာနဲ့ ကြုံသွားတာ။ ဆီးစစ်တယ်၊ မပေါ်ဘူး။ သွေးပြန်စစ်‌တော့လည်း ဘာမှမပေါ်ဘူး။ ဆံပင် ပြန်စစ်ပြီး ဘာဖြစ်တယ် မပြောဘူး။ ၂ နှစ် ဝင်လို့ မရဘူးတဲ့” လို့ ပြောပါတယ်။

နယ်စပ်ဂိတ် အဝင်အထွက်လုပ်ပြီး တနိုင်တပိုင် လက်တဆွဲစာ ကုန်ပစ္စည်း သယ်ယူ၊ သယ်ပို့တဲ့အပြင် နေ့လယ်ပိုင်းက ကားတွေပေါ် ကုန်ပစ္စည်းတွ တင်ကူရင်း ဝင်ငွေရှာနေရတာ အဆင်ပြေလာပြီဆိုမှ အခုလို တရုတ်ဘက်က ဝင်ခွင့်ပိတ်လိုက်တာကြာင့် အလုပ်လက်မဲ့ ဖြစ်သွားကာ အခက်ကြုံနေရတယ်လို့ သူကပြောပါတယ်။

နယ်စပ်ဂိတ် အဝင်အထွက် ပစ္စည်းသယ်တဲ့အလုပ် လုပ်နေသူ အမျိုးသမီးတယောက်က “အခုက တရုတ်ဘက်ဝင်ရင် နေ့တိုင်း ဆီးစစ်တယ်၊ သွေးစစ်တယ်၊ သွေးတွေလည်း တယောက် တယောက်ကို ဆေးထိုးအပ်အပြည့် ယူတယ်။ ဆံပင်တွေလည်း ညှပ်ယူပြီး စစ်တယ်။ ဘာတွေ့လို့ ဘာတွေ စစ်လဲ မသိဘူး။ စစ်ခံရတဲ့လူတွေရဲ့ စာအုပ်နံပါတ်လည်း မှတ်ထားတယ်” လို့ ပြောပါတယ်။

တရုတ်ဘက်ဝင်မယ့် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ကိုင်ဆောင်သူ မြန်မာနိုင်ငံသားတွေကို နေ့တိုင်း ဆီး၊ သွေး၊ ဆံပင် စသဖြင့် တမျိုးကို အယောက် ၁၀၀ စီ စစ်တယ်လို့ သိရပြီး တခါတ‌လေလို့ ၇ ရက် တပတ်ကတ်နဲ့ ဝင်လာသူတွေကိုလည်း ခေါ်စစ်တာ တွေ့ရတယ်လို့ သူကပြောပါတယ်။

၇ ရက် တပတ်ကတ်နဲ့ ဝင်လာသူ‌တွေလည်း ကျန်းမာရေးစစ်ဆေးချက်ကြောင့် ပြန်လှည့်လာရသူတွေ ရှိတယ်လို့ သူက ပြောပါတယ်။

မူဆယ်ဒေသခံတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဥယျာဉ်၊ ခြံ၊ စိုက်ခင်းတွေ သွားလို့မရတော့တဲ့အပြင် ပြည်ထောင်စုလမ်းမကြီးလည်း ပိတ်ထားတာ ‌ကြောင့် တခြား မြို့ရွာတွေဘက်လည်း ဈေးထွက်ရောင်းလို့ မရတော့ နယ်စပ်ဂိတ် အဝင်အထွက် တနိုင်တပိုင် ကုန်ပစ္စည်းသယ်တဲ့ အလုပ်ကိုပဲ အားထားနေရချိန် အခုလို တရုတ် ကျန်းမာရေး စစ်ဆေးတာတွေ ပိုတင်းကျပ်လာကာ ဝင်ခွင့်ပါပိတ်လိုက်တော့ အခက်အခဲဖြစ်ကြရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013