DVB Logo
Home
မြန်မာသတင်း
အမြန်လမ်း၌ ခရီးသည်တင်ယာဥ် ၁ စီးတိမ်းမှောက်၊ ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
DVB
·
October 16, 2024
အမြန်လမ်း၌ ခရီးသည်တင်ယာဥ် ၁ စီးတိမ်းမှောက်၊ ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၄ မိုင်အနီးမှာ အောက်တိုဘာ ၁၆ ရက် မနက် ၆ နာ ရီ လောက်က ခရီးသည်တင်ယာဥ် တစီး တိမ်းမှောက်လို့ ခရီးသည် အမျိုးသမီး ၃ ယောက် သေဆုံးကာ ၉  ယောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့ရဲ့ တာ၀န်ရှိသူက “မန္တ​လေးကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ တက်​နေလင်း ခရီးသည်တင်ကားက အမြန်လမ်းပေါ် မိုင်တိုင် ၁၅၄ မိုင်နားမှာ တိမ်းမှောက်ခဲ့တာပါ” လို့ ပြောပါတယ်။

တက်နေလင်း မော်တော်ယာဥ်ပေါ်မှာ ခရီးသည် အယောက် ၃၀ နီးပါးလိုက်ပါလာပြီး အသက် ၇၀ အရွယ်နဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီး ၂ ယောက်ကတော့ နေရာမှာ တင်သေဆုံးခဲ့ကာ ဒဏ်ရာရတဲ့ ၁၀ ယောက်ကိုတော့ တောင်ငူဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ခရီးသည်တယောက်က “ကားက အရှိန်အရမ်းမြန်လွန်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းပေါ် တက်ပြီး မှောက်တာပါ။ ကားသမားတွေရဲ့ မဆင်မခြင်မောင်းလို့ ကျနော်တို့ ခရီးသည်တွေ ဒုက္ခရောက်ကြရတယ်”လို့ ပြောပါတယ်။

တောင်ငူဆေးရုံကို ပို့ဆောင်လိုက်တဲ့ ဒဏ်ရာရတဲ့သူ ၁၀ ယောက်အနက် အမျိုးသမီး ၁ ယောက် ထပ်မံသေဆုံးသွားလို့ သေဆုံးသူ ၃ ယောက်အထိရှိပြီး ကျန်ရှိတဲ့ဒဏ်ရာရရှိသူ ၉ ယောက် ကတော့ ဆေးကုသမှုခံယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013