DVB Logo
Home
မြန်မာသတင်း
ပန်ဝါမြို့အနီး အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
DVB
·
October 16, 2024
ပန်ဝါမြို့အနီး အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ပန်ဝါမြို့အနီး လုပီရွာအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) ဌာနချုပ်ကို အောက်တိုဘာ ၁၅ ရက် နေ့လယ် ၁၂ နာရီ  မိနစ် ၄၀  လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်း နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

KIA အရာ ရှိ တဦးက "လုပီ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်က ပန်ဝါကို အကာအကွယ်ပေးတဲ့ BGF စခန်းပါ။ အဲဒီတပ်ကို အပြီးသတ် သိမ်းလိုက်ပြီ။ အကုန်အစင် ရပြီ" လို့ ပြောပါတယ်။ 

ကာကင်းစခန်း ၃ ခုအပါအဝင် BGF အမှတ် - ၁၀၀၂ ပင်မစခန်းကြီးရော စုစုပေါင်း စခန်းအားလုံး ၄ ခုကို သိမ်းနိုင်တဲ့အတွက် လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းတွေလည်း ရထားတယ်လို့ သူက ပြောပါတယ်။ 

အဲဒီ နယ်ခြားစောင့်တပ်ရဲ့ စစ်သင်တန်းပေးရာ ပါထိုက်ဟော်ဘက်က တပ်ဖွဲ့ဝင်တွေလည်း ပန်ဝါဘက် ပြေးသွားကြပြီဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့ ရဲ့ ထောက်ပို့ လမ်းကြောင်းတွေကိုပါ ပိတ်ဆို့လိုက်ပြီ လို့ဆိုပါတယ်။ 

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့ဘက်က အင်အားဖြည့်တင်းနေဆဲဖြစ်ပေမဲ့ လမ်းကြောင်းမှာ ကြားဖြတ် တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာနဲ့ အနီးဝန်းကျင်ရွာတွေဘက်က ဒေသခံတချို့တော့ အောက်တိုဘာ ၁၄ ရက် အထိ အလံဖြူထောင်ကာ ဆိုင်ကယ်နဲ့ ဘေးလွတ်ရာ ရှောင်နေကြပြီး တချို့တော့ လမ်းအသွား အလာ မရတော့တာကြောင့် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ ပန်ဝါမှာ စစ်ကောင်စီ ဗျူဟာနဲ့ ပေါင်းထားတဲ့  အမှတ် ၁၀၀၁၊ ၁၀၀ ၃ နယ်ခြားစောင်းတပ်နဲ့ ခလရ - ၂၉ တပ်စခန်းတွေသာကျန်တော့ကြောင်း ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက် မနက်က ဆော့လော်မြို့၊ စက်တင်ဘာ ၂၉ ရက်က ချီဖွေမြို့နဲ့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်း တပ်စခန်း တချို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013