DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၆ ဦးကို ဖမ်းဆီး၊ ရွာသား ၁၀၀ ကျော်ပိတ်မိ
DVB
·
October 15, 2024
ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၆ ဦးကို ဖမ်းဆီး၊ ရွာသား ၁၀၀ ကျော်ပိတ်မိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ပြည်သူ ၆ ယောက် ဖမ်းဆီးခံလိုက်ရပြီး လူ ၁၀၀ ကျော် ရွာထဲပိတ်မိနေတယ်လို့ ဘုတလင်အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းမှာ ဘုတလင်မြို့နယ် မြောက်ကျီရွာက စစ်ကောင်စီတပ် စစ်ကြောင်းက တက်လှိုင်းရွာထဲ ဝင်ရောက်စီးနင်းကာ ရွာသား ၆ ယောက်ကို  ဖမ်းဆီးခဲ့သလို ထွက်ပြေးချိန်မရတဲ့ ရွာသား  ၁၀၀ ကျော်လည်း ရွာထဲမှာပိတ်မိနေတာပါ။

ဒေသခံတယောက်က “တက်လှိုင်းရွာက အဖမ်းခံရတဲ့ပြည်သူ ၆ ယောက်လောက် ရှိတယ်။ ၂ ယောက် အသတ်ခံရတယ် ကြားထားတယ်၊ အတည်တော့ပြုလို့ မရသေးဘူး၊ တခြားကို ရှောင်လို့မမီတဲ့သူတွေလည်း ရွာထဲမှာ ပိတ်မိနေတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ စစ်သားတွေက တက်လှိုင်းရွာတဝိုက်ကနေ ဘုတလင်မြို့နဲ့ ၃ မိုင်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတယ်” လို့ ပြောပါတယ်။

မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေက ဘုတလင်မြို့နယ်ထဲကို အောက်တိုဘာ ၉ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေပြီး အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မုံရွာခရိုင် အမှတ် ၂၀ BOB တပ်ရင်း တာဝန်ရှိသူက “စစ်ကြောင်းက နမခဘက်ကနေ စထိုးလာကတည်းက ဖမ်းထားတဲ့ ဓားစာခံဆိုရင် ၃၀ ဝန်းကျင်လောက်ရှိတယ်။ အဖမ်းခံရတဲ့အထဲ အမျိုးသမီးတွေလည်း ပါတယ်။ စစ်ကြောင်းရှိနေတော့ ရွာ ၁၀ ရွာလောက်လည်း စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။

ဘုတလင်နယ်ထဲဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာလည်း ဘုတလင်မြို့ပေါ် ကုန်စုံဆိုင်က မိသားစုဝင် ၆ ယောက်ကို  သတ်ဖြတ်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013