DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ရန် တအိမ်ထောင်ကို ကျပ် ၂,၀၀၀ ကောက်ခံ
DVB
·
October 14, 2024
ကလေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ရန် တအိမ်ထောင်ကို ကျပ် ၂,၀၀၀ ကောက်ခံ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက ကံပုလဲရွာမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က သန်းခေါင်စာရင်း ကောက်ဖို့အတွက် တအိမ်ထောင်ကို ငွေကျပ် ၂,၀၀၀ စီ ကောက်ခံခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

အဆိုပါ ကံပုလဲရွာမှာ အောက်တိုဘာ ၁၃ ရက် မနေ့ကစပြီး ရွာအတွင်းမှာ သန်းခေါင်စာ‌ရင်းတွေ စကောက်နေပြီဖြစ်ပြီး မြို့ပေါ်ကနေ သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝန်ထမ်းတွေကို ထမင်းချက်ကျွေးဖို့အတွက် အောက်တိုဘာ ၁၂ ရက်က ရွာအတွင်းမှာ တအိမ်ထောင်ကို ငွေကျပ် ၂,၀၀၀ ဆီ ကောက်ခံခဲ့တာလို့ ဆိုပါတယ်။

ကံပုလံရွာသားတယောက်က “ငွေ ၂,၀၀၀ ကို သူ့ရပ်ကွက်ခေါင်း၊ ကိုယ့်ရပ်ကွက်ခေါင်း ဆယ်အိမ်ခေါင်းတွေက ကောက်တာဗျ။ အမှန်တိုင်းပြောရရင်တော့ ဘယ်ထည့်ချင်မလဲဗျာ၊ ကြောက်လို့သာ ထည့်ရတာ။ ကျနော်တို့ရွာမှာ နီးရာဓား ပိုကြောက်ရတယ်ဗျ။ အဲ့တာကြောင့်သာ ထည့်ရတာ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ကံပုလဲရွာမှာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး လူဦးရေ ၁,၀၀၀ ကျော်နေထိုင်ကာ သန်းခေါင်စာရင်းကို မြို့ပေါ်ကနေ စစ်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ဝန်ထမ်းတွေက လာရောက်ကောက်ယူနေတာလို့ သိရပါတယ်။

ကံပုလဲရွာက နောက်ထပ်ဒေသခံတယောက်က “ကျနော်တို့ကတော့ ကြောက်တယ်ဗျ။ ပြီးတော့ အိမ်ထောင်ကျတဲ့နှစ်၊ သားသမီးဘယ်လောက်ရှိလဲကစ မေးတော့ စစ်မှုထမ်းနဲ့ ပတ်သက်ပြီး သံသယတော့ ဝင်မိတယ်ဗျာ။ ရင်ထဲတော့ ကြောက်စိတ်နဲ့ စိုးရိမ်စိတ်ပဲ များတာပေါ့ဗျာ” လို့ ပြောပါတယ်။

ကံပုလဲရွာဟာ ကလေးမြို့နဲ့ တမိုင်ဝန်းကျင်သာ ကွာဝေးပြီး စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးရွာဖြစ်တဲ့ နှောညောင်ပင်ရွာနဲ့ ထိစပ်နေပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ကလေးမြို့ပေါ်နဲ့ မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်နေတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီသဖွယ် ပစ်ခတ်ရှင်းလင်း အရေးယူသွားမယ်လို့ ကလေးမြို့ပြစီမံချက် UG အဖွဲ့က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013