DVB Logo
Home
မြန်မာသတင်း
သီပေါတမြို့လုံးကို TNLA အပြီးသတ် သိမ်းပိုက်
DVB
·
October 14, 2024
သီပေါတမြို့လုံးကို TNLA အပြီးသတ် သိမ်းပိုက်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ-၂၃ စစ်ကောင်စီတပ်ကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့တာကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တမြို့လုံးကို သိမ်းပိုက်ရရှိသွားပြီလို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

TNLAနဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်းမှာ ခမရ ၅၀၃၊ ခမရ ၅၀၄ တပ်တွေကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာ ၁၃ ရက်မှာတော့ ခလရ ၂၃ တပ်ကို ရှင်းလင်းပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံ သတင်းရင်းမြစ်က “သီပေါသိမ်းခံရတာ ဟုတ်တယ်၊ အကုန်ဆုတ်သွားပြီရယ်။ မနေ့က (အောက်တိုဘာ ၁၃ ရက်) ပဲ ဗုံးက ညဘက် ၆ ခါ ကြဲတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တခုကလည်း သီပေါကို သိမ်းပိုက်ရရှိပေမဲ့ စစ်ကောင်စီတပ်က ဗုံးကြဲနေပြီး  အထိအခိုက် အတိအကျကို မသိရသေးဘူးလို့ ပြောပါတယ်။

TNLA အနေနဲ့ သီပေါမြို့ကိုရရှိဖို့ ၂ လဝန်းကျင်ကြာ ထိုးစစ်ဆင်ခဲ့ရတာဖြစ်ပြီး ခလရ ၂၃ တိုက်ပွဲကနေ စစ်သားနဲ့ မိသားစုဝင်တွေ အပါအဝင် စစ်သုံ့ပန်း ၁၀၀ လောက် ဖမ်းမိတယ်လို့လည်း သိရပါတယ်။

ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အရပ်သားထိခိုက်မှုတွေ အသေးစိတ် အတည်မပြုနိုင်သေးပေမဲ့ သီပေါတိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀ ဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များခဲ့ပါတယ်။

TNLA ရဲ့ အောက်တိုဘာ ၁၂ ရက် ထုတ်ပြန်ချက်ထဲမှာ‌တော့ စစ်တပ်က သီပေါနဲ့ နောင်ချိုမြို့နယ်ထဲကို ပေါင် ၅၀၀ အပါအဝင် လေကြောင်းကနေ ဗုံးကြဲတာကြောင့် နေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013