DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၂၃ သန်းပေးမည်
DVB
·
October 13, 2024
တောင်ကိုရီးယားက မြန်မာကို လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၂၃ သန်းပေးမည်
Donate to DVB

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၂၃ သန်း ထောက်ပံ့ပေးသွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ပြောတဲ့အကြောင်း တောင်ကိုရီးယား နေ့စဉ်ထုတ်သတင်းစာ The Korea Herald က အောက်တိုဘာ ၁၁ ရက်က ဖော်ပြပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနဲ့ အာရှဒေသက နိုင်ငံပေါင်းစုံပါဝင်တဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ တံခါးပိတ်အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ တောင်ကိုရီးယား သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး တောင်ကိုရီးယားသတင်းမှာ ရေးပါတယ်။ 

မြန်မာ့အရေးဟာ အင်ဒို-ပစိဖိတ်ဒေသတဝန်းမှာရှိတဲ့ အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ အဖွဲ့ဝင် နိုင်ငံတွေအတွက် လက်တွေ့ကျတဲ့ စမ်းသပ်မှုတခုဖြစ်နိုင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ သမ္မတ ယွန်းကပြောပါတယ်။

မြန်မာ့အရေးမှာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး လိုအပ်ချက်ကို အသိအမှတ်ပြုတဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကို အရင်နှစ်တွေကထက် ၄ ဆ တိုးပြီး ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအနေနဲ့ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၅ ဒသမ ၆ သန်း၊ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၅ ဒသမ ၈ သန်း ပေးအပ်ခဲ့ပြီး အခုနှစ်မှာတော့ ဒေါ်လာ ၂၃ သန်းအထိ တိုးမြင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ 

Source: The Korea Herald 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013