DVB Logo
Home
အားကစား
ပိုလန်နှင့်ပွဲစဉ်တွင် ပေါ်တူဂီအတွက် ၁၃၃ ဂိုးမြောက် ဂိုးကို စီရော်နယ်ဒို ထပ်မံသွင်းယူ
DVB
·
October 13, 2024
ပိုလန်နှင့်ပွဲစဉ်တွင် ပေါ်တူဂီအတွက် ၁၃၃ ဂိုးမြောက် ဂိုးကို စီရော်နယ်ဒို ထပ်မံသွင်းယူ
Donate to DVB

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပိုလန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ၁၃၃ ဂိုး မြောက် ဂိုးထပ်သွင်းခဲ့ပါတယ်။

နေးရှင်းလိဂ်အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာ ၁၂ ရက်က  ဝါဆောမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ စီရော်နယ်ဒိုက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပိုလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ  ၆၃ မိနစ်ပဲက စားခဲ့ပြီး  ဒီယေဂိုဂျိုတာနဲ့ လူစားလဲခဲ့ပါတယ်။

နေးရှင်လိဂ် ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်း ၉၀၆ ဂိုးရှိသွားပြီဖြစ်ပြီး အနားမယူခင် သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ရည်မှန်းထားကြောင်း စီရော်နယ်ဒိုက ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013