DVB Logo
Home
နိုင်ငံတကာ
ဘိုးရင်းအလုပ်သမား ၁၇၀၀၀ ကို လပိုင်းအတွင်း  ထုတ်ပယ်ဖွယ်ရှိ
DVB
·
October 12, 2024
ဘိုးရင်းအလုပ်သမား ၁၇၀၀၀ ကို လပိုင်းအတွင်း  ထုတ်ပယ်ဖွယ်ရှိ
Donate to DVB

ဘိုးရင်းကုမ္ပဏီဟာ အလုပ်နေရာ ၁၇၀၀၀ ကို ထုတ်ပယ်ဖွယ်ရှိပါတယ်။ လေယာဉ်တွေ ထုတ်လုပ်တဲ့ ဘိုးရင်းကုမ္ပဏီဟာ 777X ဂျက်လေယာဉ်ပေးပို့နိုင်ဖို့ ၁ နှစ်နောက်ကျနေပြီး တတိယ ၃ လပတ်မှာ စံချိန်တင်အရှုံးဖြစ်တဲ့ ဒေါ်လာ ၅ ဘီလီယံရှုံးနိမ့်ထားကာ လက်ရှိအချိန်မှာ အလုပ်သမားတွေရဲ့ ကာလရှည် သပိတ်မှောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဘိုးရင်းစီအီးအို ကယ်လီအော့ဘတ်က ဘိုးရင်းဟာ သောကြာနေ့က အလုပ်နေရာ ၁၇၀၀၀ ကို လျှော့ချမယ်လို့ မက်ဆေ့ကတစ်ဆင့် ပြောဆိုခဲ့တာ ဖြစ်ပါတဘ်။ 

အနောက်ကမ်းခြေမှာရှိတဲ့ အလုပ်သမား ၃၃၀၀၀ ဟာ ဂျက်လေယာဉ် ၃ စင်းထုတ်လုပ်နေမှုကို ရပ်တန့်ခဲ့ပြီး ဆန္ဒပြမှုတွေ ပြုလုပ်နေတဲ့နောက်ပိုင်း စီအီးအိုက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

“ကျတော်တို့ရဲ့ အလုပ်အဆင့်တွေကို ငွေကြေးနဲ့ပြန်ပြီး ချိန်ညှိဖို့ လိုပါတယ်။ လာမယ့် လ အနည်းငယ်မှာ အလုပ်သမား ၁၀ ရာခိုင်နှုန်းလောက် လျှော့ချမှာပါ။ အဲဒီလျှော့ချမှုတွေထဲမှာ အမှုဆောင်တွေ၊ မန်နေဂျာတွေ၊ အလုပ်သမားတွေ ပါဝင်ပါတယ်” လို့ အော့ဘတ်က မက်ဆေ့မှာ ဖော်ပြထားပါတယ်။ 

ဘိုးရင်းဟာ ဈေးကွက်ကုန်သွယ်မှုမှာ ရှယ်ယာ ၂ ဒသမ ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလုပ်သမား တွေ ရဲ့ သပိတ်မှောက် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဘိုးရင်းဟာ အောက်တိုဘာ ၂၃ မှာ တတိယ ၃ လပတ် ဝင်ငွေကို ကြေညာမှာဖြစ်ပြီး ဘဏ္ဍာငွေ ၁၇ ဒသမ ၈ ဘီလီယံရမယ်လို့ ခန့်မှန်းထားပါတယ်။ 

ဘိုးရင်းရဲ့ ရှယ်ယာတွေကလည်း ရှယ်ယာ ၁ ခုကို ၉ ဒသမ ၉၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အော့ဘတ်ဟာ ဩဂုတ်လက ဘိုးရင်းစီအီးအို ဖြစ်လာခဲ့ပြီး သမဂ္ဂနဲ့ အလုပ်သမားတွေအကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပေးမယ်လို့ ကတိပြုထားပါတယ်။ 

သပိတ်မှောက်မှုတွေ အလုပ်သမားထုတ်ပယ်မှု သတင်းတွေကြောင့် ဘိုးရင်းက ထုတ်လုပ်တဲ့ လေယာဉ်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာပိုကောင်းလာတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

Source/ Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013