DVB Logo
Home
မြန်မာသတင်း
ပုသိမ်လေဆိပ်လုံခြုံရေး အထူးသတိထားရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား
DVB
·
October 11, 2024
ပုသိမ်လေဆိပ်လုံခြုံရေး အထူးသတိထားရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် မှာကြား
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်လေဆိပ်ကို ခရီးသည်အယောင်ဆောင် လိုက်ပါလာပြီး တိုက်ခိုက်လာနိုင်လို့ လုံခြုံရေးကို အထူးဂရုပြုလုပ်ဆောင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မှာကြားထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၉ ရက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ပုသိမ်လေဆိပ်မှာ ခရီးသည်လေယာဉ်တွေ စတင်ပျံသန်းပြေးဆွဲနိုင်ဖို့နဲ့ ပတ်သက်ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ခရီးသည်တွေကို  လိုအပ်မယ့် ဝန်ဆောင်မှုတွေ ပေးဖို့လိုပြီး ပုသိမ်လေဆိပ်ကို ခရီးသည်လေယာဉ်တွေ ပြေးဆွဲမှုတွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ လိုအပ်တယ်။ လေယာဉ်ခရီးစဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနတွေက အချိတ်အဆက်မိမိနဲ့ လုပ်ရမယ်၊ စုပေါင်းဆောင်ရွက်တတ်ရမယ်။ လုံခြုံရေးက အဓိကကျတယ်။ အထူးသတိထား လုပ်ဆောင်ရမယ်” လို့ ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က “တိုင်းဝန်ချုပ်က လုံခြုံရေးကိစ္စကို ထပ်ခါ ထပ်ခါ ပြောတာပေါ့နော်။ ဧရာဝတီတိုင်းက စစ်ဖြစ်နေတဲ့ ရခိုင်နဲ့ အလွန်နီးလို့ပေါ့။ ဒါ့ကြောင့် သတိထားဖို့ပြောတာ။ ခရီးသည်အဝင်အထွက်၊ လုံခြုံရေးနဲ့ ဝန်ထမ်းအင်အား အဲတာတွေပါ အစည်းအဝေးထဲမှာ ထည့်ပြောတာ။ ဘယ်တော့ ခရီးသည်တင်လေယာဉ်တွေ စတင်ပြေးဆွဲမယ် ဆိုတာကိုတော့ မပြောသေးဘူး” လို့ ဆိုပါတယ်။

ပုသိမ်လေဆိပ်မှာ CCTV ကို သတ်မှတ်ချက်နဲ့အညီ အရည်အသွေးကောင်း ခေတ်မီစက်တွေ တပ်ဆင်ထားဖို့၊ သတ်မှတ်အလုံးရေအတိုင်း တပ်ဆင်ဖို့၊ အချိန်ပြည့် စောင့်ကြည့်နေဖို့ကိုပါ မှာကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ထဲမှာ ပုသိမ်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013