DVB Logo
Home
မြန်မာသတင်း
ကန်‌ဒေါ်လာ ၁၂ သန်းနှင့် ဘတ် ၃၈ သန်း ဗဟိုဘဏ် ထုတ်ရောင်း
DVB
·
October 11, 2024
ကန်‌ဒေါ်လာ ၁၂ သန်းနှင့် ဘတ် ၃၈ သန်း ဗဟိုဘဏ် ထုတ်ရောင်း
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်မှာ ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်ထဲကို အမေရိကန်‌ဒေါ်လာ ၁၂ ဒသမ ၄၈ သန်းနဲ့ ထိုင်းဘတ် ၃၈ ဒသမ ၇ သန်း ထုတ်ရောင်းခဲ့ပါတယ်။

AD ဘဏ်တွေနဲ့ Customer တွေအကြား ဗဟိုဘဏ် ထိန်းချုပ်ဈေးနဲ့ အရောင်းအဝယ်လုပ်ဖို့ တည်ထောင်ထားတဲ့ အွန်လိုင်း ပလက်ဖောင်းကနေတဆင့် တ ဒေါ်လာ ၃၅၅၄ ကျပ်၊ ထိုင်း တဘတ်ကို ၁၁၅ ဒသမ၉ ကျပ်နှုန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ထုတ်မ‌ရောင်းခင် အောက်တိုဘာ ၉ ရက်မှာ ပြင်ပဈေးကွက် တဒေါ်လာ ကျပ် ၄၆၀၀-၄၇၀၀ ဖြစ်နေတဲ့ ဒေါ်လာဈေးဟာ ဗဟိုဘဏ်က ဒေါ်လာ ၁၂ သန်းကျော် ထုတ်ရောင်းပြီး နောက်တနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၁ ရက်မှာတော့ တဒေါ်လာ ကျပ် ၄၅၀၀-၄၆၀၀ ဖြစ်လာသလို အောက်တိုဘာ ၉ ရက်မှာ ၁၃၅-၁၃၈ ကျပ် ဝန်းကျင်ပေါက်ခဲ့တဲ့ ဘတ်ငွေဈေးကလည်း အောက်တိုဘာ ၁၁ ရက်မှာတော့ ၁၃၃-၁၃၆ ကျပ်နဲ့ အနည်းငယ် ကျရိပ်ပြလာပါတယ်။

ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် ၇၀၀၀ အထိ ခုန်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်ရဲ့ ‌ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းမှုနဲ့အတူ တအိအိ ပြန်ကျနေတာလည်း ဖြစ်ပါတယ်။

အခုအခါမှာဆိုရင် ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းက ဒေါ်လာဈေးဟာ ၃၅၅၄ ကျပ်ဖြစ်နေပြီး ပြင်ပဈေးကွက်မှာ တဒေါ်လာ ၄၅၀၀ စွန်းစွန်းပဲ ရှိတာကြောင့် ဗဟိုဘဏ်ဈေးနဲ့ ပြင်ပဈေးဟာ အရင်ကလို ကွာဟချက် အလွန်မကြီးမားတော့ဘဲ ကျပ် ၁၀၀၀ ဝန်းကျင်သာ ကွာတော့တဲ့ အနေအထား ဖြစ်လာပါတယ်။

 Amara Maung

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013