DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး အလင်းဝင်
DVB
·
October 11, 2024
ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းကနေ ၂ ကြိမ်မြောက် ထွက်ပြေးလာတဲ့ ရဲတပ်သားတယောက်ဟာ ခဲယမ်းတချို့နဲ့အတူ အောက်တိုဘာ ၉ ရက်မှာ အလင်းဝင်လာ​တယ်လို့ Earthquake People's Defence Force ဆီကနေ သိရပါတယ်။

Earthquake People`s Defence Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “အရင်တခေါက်က သေနတ်ယူပြီး ထွက်ပြေးလာတာကို သူ့စခန်းကသိသွားလို့ အချုပ်ထဲ ထည့်ထားတာ ခံခဲ့ရတယ်။ အခုပြန်လွတ်တဲ့အချိန် ကျနော်တို့ဆီ ပြန်ချိတ်ပြီး အလင်းဝင်လာတာပါ။ ပထမအကြိမ် ထွက်ပြေးလို့ မိသွားတုန်းတော့ သူ့အထက်အရရှိတွေက သူနဲ့ သူ့မိသားစုကို ဖိနှိပ်ချုပ်ချယ်တာတွေ အများကြီး ခံခဲ့ရတယ်လို့သိရတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့မရဲစခန်းကနေ ထွက်ပြေးလာကာ အလင်းဝင်လာတဲ့သူဟာ ရဲဝန်ထမ်းလုပ်သက် ၇ နှစ်ရှိပြီး ပခုက္ကူမြို့မရဲစခန်းမှာ တာဝန်ကျတာ ၆ လနီးပါးရှိပြီဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ရဲတပ်သား အောင်ဗိုလ်မင်း၊ ကိုယ်ပိုင်အမှတ်၂၈၀၆၁၇ ဖြစ်ပြီး အူဇီအမျိုးအစားကျည်ဘောက် ၂ ခုနဲ့ ၉ မမ ကျည် ၁၀၀ တို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Earthquake People`s Defence Force ရဲ့ တာဝန်ခံတယောက်က “အလင်းဝင်ရောက်လာတဲ့သူ အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ထိုက်သင့်တဲ့ ဆုကြေးငွေတွေကို ချီးမြှင့်ပြီးတော့လည်း လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးပါတယ်။ အလင်းဝင်လာသူ အားလုံးအတွက် အစစအရာရာ တာဝန်ယူတဲ့အတွက် စစ်ကောင်စီ အောက်ကနေ ထွက်ပြီး အလင်းဝင်လာချင်ကြသူတွေအားလုံး ကျနော်တို့ဆီကို အချိန်မရွေး ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ  ဧပြီ ၅ ရက်ကနေ စက်တင်ဘာ ၂၃ ရက်အထိ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၆ ယောက် အလင်းဝင်လာခဲ့ကြတယ်လို့ Earthquake People's Defence Force ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013