DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန် စာပေဆိုင်ရာနိုဘယ်ဆု ရရှိ
DVB
·
October 11, 2024
တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန် စာပေဆိုင်ရာနိုဘယ်ဆု ရရှိ
Donate to DVB

တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်ဟာ စာပေဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိ ဟန်ကန်ဟာ ရသစာပေရေးတဲ့ စာရေးဆရာမဖြစ်ပြီး ၂၀၀၇ ခုနှစ်က ထုတ်ဝေတဲ့ ဝတ္ထုဖြစ်တဲ့ The Vegetarian စာအုပ်နဲ့ နိုင်ငံတကာစာအုပ်ဆုလည်း ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

The Vegetarian စာအုပ်ဟာ စိတ်ရောဂါရနေပြီး မိသားစုရဲ့ စွန့်ပစ်ခြင်းခံရတဲ့အကြောင်း ဖော်ပြထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ၂၀၁၆ ခုနှစ်က The New York Times Book Review အကောင်းဆုံး စာအုပ် ၁၀ အုပ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

The Vegetarian စာအုပ်ကို ၂၀၀၉ ခုနှစ်မှာ ရုပ်ရှင်ရိုက်ကူးခဲ့ကာ ၁၄ ကြိမ်မြောက် ဘူဆန် နိုင်ငံတကာပြပွဲမှာ ပြသခဲ့ပါတယ်။

နိုဘယ်ဆုရွေးချယ်ရေးကော်မတီက ၁၉၀၁ ခုနှစ်ကတည်းက စတင်ကာ စာပေဆိုင်ရာ နိုဘယ်ဆုကို စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ဟန်ကန်ဟာ အမျိုးသမီးတွေအနက် ၁၆ ယောက်မြောက် ဆုရခဲ့သူ ဖြစ်လာပါတယ်။

ဒါဟာ တောင်ကိုရီးယားနိုင်ငံအတွက်လည်း စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့တဲ့ ပထမဆုံးနိုင်ငံသား ဖြစ်လာပါတယ်။

ဟန်ကန်ဟာ ဝတ္ထုနဲ့ ကဗျာဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့တာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၈၁၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

ဟန်ကန်ရဲ့ စာအုပ်ကို ၂၀၁၅ ခု နှစ်မှာ ကိုရီးယားဘာသာကနေ အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး  ၂၀၁၆ ခုနှစ်မှာ သူ့ဘဝအလှည့်အပြောင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာစာအုပ်ဆု ရရှိခဲ့တာက သူ့ကို ကမ္ဘာက သတိထားမိခဲ့တာ ဖြစ်ပါတယ်။

ဟန်ကန်ဟာ တောင်ကိုရီးယား စာရေးဆရာ ဟန်ဆောင်ဝမ်းရဲ့ သမီးဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ ကဗျာတွေ စတင်ရေးသားခဲ့ပြီး နောက်တနှစ်မှာပဲ ဝတ္ထုတွေ စတင်ရေးသားခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013