DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို
DVB
·
October 11, 2024
မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ကုလအထူးကိုယ်စားလှယ် တောင်းဆို
Donate to DVB

၂၀၂၁ စစ်အာဏာသိမ်းချိန်ကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အရေးပေါ် ထိပ်သီးဆွေးနွေးပွဲ တရပ်ကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြုလုပ်သွားသင့်တဲ့အကြောင်း မြန်မာ့လူ့အခွင့်အရေး ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောကြားလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်စဉ်မှာ တွမ်အန်ဒရူးစ်က အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေကို အခုလို တောင်းဆိုခဲ့တာဖြစ်ပြီး စစ်ကောင်စီထံ လက်နက်နဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်သွားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

တွမ် အန်ဒရူးစ်က “မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုက အလုပ်မဖြစ်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။ တနေ့ထက်တနေ့ အခြေအနေတွေ ပိုမို ဆိုးရွားလာတဲ့ မြန်မာ့အရေးကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

နောက်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ကို လွှဲပြောင်းပေးဖို့ကိုလည်း တွမ် အန်ဒရူးစ်က ဩစတြေးလျနဲ့ တခြားနိုင်ငံတွေကို တိုက်တွန်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013