စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားလုပ်ငန်းရပ်ဆိုင်းမှုများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် နိုဝင်ဘာလအထိ စာရင်းအရ မြန်မာနိုင်ငံမှာ ပိတ်သိမ်းမှု၊ ယာယီရပ်နားမှု၊ အပ်ထည်မှာယူမှု ရပ်ဆိုင်းခြင်း၊ ရှယ်ယာလွှဲပြောင်းမှုနဲ့ စီမံကိန်းရောင်းချမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သို့မဟုတ် ကြေညာထားတဲ့ နိုင်ငံခြားနဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းပေါင်း ၇၅ ခု ရှိပါတယ်။
အဲဒီထဲက လုပ်ငန်း ၅၄ ခု မှာ သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြီးစီးခဲ့ပြီး၊ အပြီးသတ် ပိတ်သိမ်းခဲ့တဲ့ လုပ်ငန်း ၁၇ ခု ပါဝင်ကာ ကျန် ၃၇ ခုမှာတော့ လုပ်ငန်းရပ်နားတာ၊ အပ်ထည်မှာယူမှု ရပ်ဆိုင်းတာ၊ ရှယ်ယာလွှဲပြောင်းတာ ဒါမှမဟုတ် စီမံကိန်းရောင်းချတာ စတဲ့ လုပ်ဆောင်ချက်တွေ ပြီးစီးခဲ့ပါတယ်။
ကျန် လုပ်ငန်း ၂၁ ခု မှာလည်း ရက်ဆိုင်းဖို့ ကြေညာထားတာ ဒါမှမဟုတ် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။
နှစ်အလိုက်ကြည့်ရင် ၂၀၂၁ ခုနှစ်မှာ လုပ်ငန်း ၁၉ ခု နဲ့ အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ၁၈ ခု နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
လုပ်ငန်းကဏ္ဍအလိုက် အထည်ချုပ်နဲ့ အပ်ထည်မှာယူမှုကဏ္ဍမှာ ၁၉ ခု နဲ့ အများဆုံးဖြစ်ပြီး စွမ်းအင်နဲ့ သတ္တုတူးဖော်ရေးကဏ္ဍမှာ ၁၄ ခု ရှိပါတယ်။











