DVB Logo
Home
အားကစား
မန်ယူနောက်ခံလူ မက်ဇ်ရာအိုရီ၏ နှလုံးအခြေအနေ ပုံမှန်မဟုတ်သဖြင့် စောင့်ကြည့်ကုသရမည်
DVB
·
October 11, 2024
မန်ယူနောက်ခံလူ မက်ဇ်ရာအိုရီ၏ နှလုံးအခြေအနေ ပုံမှန်မဟုတ်သဖြင့် စောင့်ကြည့်ကုသရမည်
Donate to DVB

မန်ယူနောက်ခံလူသစ် မက်ဇ်ရာအိုရီရဲ့ နှလုံးအခြေအနေဟာ ပုံမှန်မဟုတ်တာကြောင့် စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေရပါတယ်။

မန်ယူအသင်းနဲ့ ဗီလာတို့ရဲ့ ဂိုးမရှိသရေပွဲစဉ်မှာ မက်ဇ်ရာအိုရီ ပွဲထွက်ကစားခဲ့ပေမဲ့ နှလုံးခုန်နှုန်း မူမမှန်တာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ရပါတယ်။

အရေးပေါ်အခြေအနေ မဟုတ်ပေမဲ့  နှလုံးခုန်နှုန်း မူမမှန်တဲ့အပေါ် စောင့်ကြည့်ကုသမှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်ရာသီအစကမှ ဘိုင်ယန်ကနေ ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာသူ မက်ဇ်ရာအိုရီဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013