DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တွင် ခရမ်းချဉ်သီး ၁ ပိဿာ ကျပ် ၄၀၀၀ အထိ ဈေးနှုန်းပြန်တက်
DVB
·
October 10, 2024
ရှမ်းတောင်တွင် ခရမ်းချဉ်သီး ၁ ပိဿာ ကျပ် ၄၀၀၀ အထိ ဈေးနှုန်းပြန်တက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်းနဲ့ ကလောမြို့နယ်တို့မှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀၀ကျပ်အထိ ဈေးနှုန်း ရုတ်တရက်ပြန်လည်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တွေမှာ အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု ဖြစ်ပွားပြီးနောက် ခရမ်းခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း ၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အခုလို စျေးပြန်တက်လာတာလို့ ဆိုပါတယ်။

တောင်သူတယောက်က "ရုတ်တရက် စျေးပြန်ရှိနေတယ်။ ဒါပေမဲ့ ရေမကြီးခင်က စျေးမရှိလို့ ပစ်ထားတာတကြောင်း၊ ရေကြီးမြေပြိုလို့ ပျက်စီးတာတကြောင်း၊ ခုစျေးပြန်ရှိမှ ခရမ်းချဉ်သီးက မရှိတော့ဘူး။ ကုန်စိမ်းဈေးနှုန်းက အတက်အကျ မြန်တော့ ခုနောက်ပိုင်းဆို ရှုံးတာများတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာလည်း ပိဿာ ၃၀ ပါတဲ့ တတင်းမှာ တသိန်းကျပ်အထိ ပေါက်စျေးရှိတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလပထမပတ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှ ထွက်ရှိတဲ့ ခရမ်းချဉ်သီး တပိဿာ ငွေကျပ် ၈၀ အထိ ဈေးကျဆင်းခဲ့လို့ တောင်သူတွေ လမ်းဘေးမှာ သွန်ပစ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်မှာ ခရမ်းချဉ်သီးကို မိုးရာသီနဲ့ ဆောင်းရာသီမှာ တနှစ် ၂ ကြိမ် စိုက်ပျိုးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013