DVB Logo
Home
မြန်မာသတင်း
ရခိုင်ကို ဆေးဝါးတင်သွင်းခွင့် စစ်ကောင်စီပိတ်ပင်၊ ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးမှုများ ဖြစ်နေ
DVB
·
October 10, 2024
ရခိုင်ကို ဆေးဝါးတင်သွင်းခွင့် စစ်ကောင်စီပိတ်ပင်၊ ဆေးကုခွင့်မရ၍ အသက်ဆုံးရှုံးမှုများ ဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းပိတ်ဆို့ပြီး ဆေးဝါးတင်သွင်းခွင့်ကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် ဆေးဝါးပြတ်တောက်နေပြီး အချိန်မီဆေးကုသခွင့် မရရှိတာကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် ရှမ်းရွာဒေသခံအမျိုးသမီးတယောက်က “လိုချင်တဲ့ဆေးကိုရှာမရဘူး၊ ဈေးက အဆမတန်ပေးဝယ်နေရတယ်။ သောက်နေကျ ဆေးမဟုတ်တဲ့ တခြားအမျိုးအစားဆေးတွေကို သောက်ရတော့ မသက်သာဘူး။ ဆီးချို၊ သွေးတိုးရောဂါသည်တွေအနေနဲ့ ဆေးဝါးတွေပြတ်တောက်ပြီး ဆေးရှာလို့မရတာ ဆေးကုသခွင့် မရတာတွေကြောင့် ရွာမှာ ဆီးချို၊ သွေးတိုးနဲ့ အသက်ဆုံးရှုံးရတဲ့ လူနာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်တွေမြို့ပေါ်ရပ်ကွက်တွေမှာ အရင် ၁၀၀၀ တန် ပါရာစီတမောဆေးတကတ်ကို လက်ရှိမှာ ၅၀၀၀ ကျပ် ပေးပြီး ဝယ်ယူနေရတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်းထမ်းတယောက်က “ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြေပုံတွေမှာဆို တချို့ဆေးတွေလုံးဝရှာမရဘူး အထူးသဖြင့် နာတာရှည် သောက်သုံးရတဲ့ တီဘီ ဆေးတွေ၊ အင်ဆူလင်လို့ခေါ်တဲ့ ဆီးချိုထိုးဆေးတွေ၊ ဆီးချိုဆေးတွေ၊ HIV ဆေးတွေက လုံးဝပြတ်တောက်သွားပြီ၊ ပိုက်ဆံရှိရင်တောင် လုံးဝဝယ်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ” လို့ ပြောပါတယ်။

အခုလို ဆေးဝါးပြတ်တောက်နေပြီး လုံလောက်တဲ့ဆေးဝါးကုသမှုတွေ မရတာကြောင့် နာတာရှည်ဆေးကုသမှု ခံယူနေရတဲ့သူတွေအတွက် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“အင်ဆူလင်ဆေးထိုးရတဲ့လူနာတွေက နေ့တိုင်းပုံမှန်ဆေးထိုးပေးရတယ်၊ မဟုတ်လို့ရှိရင် ကျောက်ကပ် ပျက်စီးပြီး အသက်ဆုံးရှံးနိုင်တာတွေ အထိရှိတယ်။”

ပေါက်တောဒေသခံ ကိုမောင်ဇော်က “ဆေးဝါးကိုတော့ တိုက်ပွဲမဖြစ်ခင် စစ်ရေးတင်းမာနေတဲ့ ကာလကတည်းက စစ်ကောင်စီက အကန့်အသတ်နဲ့ပဲ သယ်ခွင့်ပေးတယ်၊ အခု လမ်းတွေ ပိတ်လိုက်တော့ ဆေးဝါးဝင်ရောက်မှုမရှိဘူး။ အိန္ဒိယနဲ့ပြည်မက မှောင်ခိုလမ်းတွေကတော့ ဆေးဝါးတွေ ဝင်နေတာရှိပေမယ့် လိုအပ်တဲ့ဆေးဝါးတွေ မရဘူး၊ ဆေးဝါးနဲ့ မှီခိုအသက်ရှင်ရပ်တည်နေရတဲ့ နာတာရှည်ရောဂါသည်တွေလည်း ဆေးဝါးရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်နေရတယ်။ ဆေးဝါးတွေလည်း အရမ်းဈေးကြီးတယ်။ ရိုးရိုးဖျားနာ ချောင်းဆိုးလို့ ဆေးခန်းတခါပြရင်တောင် လေးသောင်းလောက်ကုန်နေတော့ နေမကောင်းဖြစ်မှာကို အရမ်းကြောက်နေရတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013