DVB Logo
Home
မြန်မာသတင်း
ဟားခါးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
DVB
·
October 9, 2024
ဟားခါးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ အောက်တိုဘာ ၈ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ CDF Hakha ဆီကနေ သိရပါတယ်။

CDF Hakha ရဲ့ ပြန်ကြားရေးတာ၀န်ခံက “ဟားခါးမြို့ပေါ်ရဲစခန်းမှာ တာ၀န်ကျနေတဲ့ ရဲတပ်သားတဦးက လက်နက်ခဲယမ်းတွေနဲ့အတူ မနေ့က အလင်း၀င်လာတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတာနေရာကို ပို့ဆောင်ထားပြီးပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ၀န်ထမ်းတွေအနေနဲ့ အလင်းဝင်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်း ပါဝင်လိုသူတိုင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF Hakha) ကို အချိန်မရွေး ဆက်သွယ်နိုင်​တယ်လို့ ဆိုပါတယ်။

CDF-Hakha ရဲ့ တာ၀န်ခံတယောက်က“ပြည်သူတရပ်လုံးကို အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်တပ်နဲ့စစ်ကောင်စီအောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာသူတွေကို နွေးနွေး ထွေးထွေးကြိုဆိုမှာဖြစ်တဲ့အပြင် ထိုက်သင့်တဲ့ဆုငွေချီးမြှင့်ပြီး လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူတဲ့အတွက် အမြန်ဆုံးအလင်း၀င်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလဆန်းပိုင်းကနေ အခုအထိ ဟားခါးမြို့ပေါ်မှာ တာ၀န်ကျနေတဲ့ ဒုရဲအုပ် (၁ပွင့်ဗိုလ်) တဦးအပါအ၀င် ရဲတပ်ဖွဲ့၀င် ၅ ဦးအထိ CDF Hakha ဆီကို အလင်း၀င်ရောက်လာပြီး ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013