DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
October 8, 2024
မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတယောက်ဟာ လက်နက်တွေနဲ့အတူ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

မြိုင် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “ရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်လင်း (လ ၂၇၂၅၁၈) သူ့အသက်က ၃၃ နှစ် ဖြစ်ပါတယ်။ သူ့ဇာတိကတော့ ဒီတိုင်းထဲက တောင်တွင်းကြီးနယ် ကုက္ကိုကုန်းရွာကပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ်ကြီးဟာ G4 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G4 ကျည် ၂၄၈ တောင့်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ခြောက်လုံးပြူးကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုအပေါ် လူမဆန်ဘဲ ရက်ရက်စက်စက် အကြမ်းဖက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတဲ့ အဖွဲ့အစည်းရဲ့အောက်မှာ အသက်အသေမခံဘဲ အမြန်ဆုံ်စွန့်ခွာခဲ့ကြဖို့ ဖိတ်ခေါ်လိုပါတယ်။ အလင်းဝင်ရောက်လာကြသူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အပြင် အလင်းဝင်လာကြသူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပြီး ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ အခုအလင်းဝင်လာတဲ့ ရဲတပ်ကြပ်ကြီး ကိုကျော်လင်းကိုလည်း ဆုကြေးငွေတွေ ချီးမြှင့်ပေးဖို့ ဆောင်ရွက်နေပါပြီ” လို့ မြိုင် ပကဖရဲ့ တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကလည်း မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးအဆင့်ရှိတဲ့ ကိုအောင်ကိုဟာ သူ့ရဲ့ဇနီးနဲ့အတူ မြိုင် ပကဖ ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013