DVB Logo
Home
မြန်မာသတင်း
မြန်မာ့အကျပ်အတည်းဖြေရှင်းရန် အာဆီယံအဓိကနေရာကပါရမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
DVB
·
October 8, 2024
မြန်မာ့အကျပ်အတည်းဖြေရှင်းရန် အာဆီယံအဓိကနေရာကပါရမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
Donate to DVB

နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံက အဓိကအခန်းကဏ္ဍကနေ ပါဝင်ရမယ်လို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာက ပြောလိုက်ပါတယ်။

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ခုလိုပြောလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းက “အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး အမြန်ဆုံး ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် သံတမန်နည်းလမ်းတွေ အသုံးပြုဖို့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဖဲထောင်းထန်းက ပြောလိုက်ပြီး နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေ စုဝေးနေချိန် ဆုံးဖြတ်ချက်တခုရရှိဖို့အတွက် အသစ်ပြန်လည်ကြိုးပမ်းမှု ဖြစ်နိုင်ကြောင်းလည်း အလေးပေးပြောပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်ဟောင်း ဆရက်ထာ ထဝီဆင်ကလည်း မြန်မာစစ်အုပ်စုဟာ အင်အားယုတ်လျော့လာပြီဖြစ်သလို ‌သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး ညှိနှိုင်းအဖြေရှာဖို့ အချိန်တန်ပြီလို့ ရိုက်တာသတင်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောကြားခဲ့ပါတယ်။

စစ်ဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့  ဂျာကာတာမြို့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမဲ့ စစ်ကောင်စီက တခုမှ အကောင်အထည် မဖော်နိုင်သလို စစ်အာဏာသိမ်းဆန့်ကျင် အတိုက်အခံ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုချက်ကိုလည်း စစ်အုပ်စုက ငြင်းဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက စတင်ပြီး အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က နိုင်ငံရေးရာထူးရယူ ကိုယ်စားပြုသူတွေကို တက်ရောက်ခွင့်ကို အာဆီယံက ပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေး ကိုယ်စားပြုမဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ အရေးယူထားခဲ့တာပါ။

အခုကျင်းပမယ့် အစည်းအဝေးမှာတော့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တယောက် တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာစစ်အုပ်စုနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။

Source: Reuters/The Straits TImes

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013