DVB Logo
Home
မြန်မာသတင်း
ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ်များ ပြန်သိမ်းပိုက်
DVB
·
October 8, 2024
ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ်များ ပြန်သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF တပ်ဖွဲ့တွေ အပါအဝင် PDF တပ်ပေါင်းစုတွေက အောက်တိုဘာ ၈ ရက် ဒီမနက်အစောပိုင်းမှာ ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ပင်လည်ဘူးမြို့ကို သိမ်းပြီးပါပြီ။ သက်ဆိုင်ရာ အထက်အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။

ဒုတိယအကြိမ်အဖြစ် ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကစတင်ပြီး ၂ လနီးပါးကြာ တိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

KPDF တာဝန်ခံတယောက်က “စစ်တပ်ဘက်က ပင်လည်ဘူးမကျဖို့ မြေပြင်ကော ဝေဟင်ကနေပါ ပစ်ကူအမြောက်အမြားနဲ့ ခုခံခဲ့တာပါ။ ဒါပေမဲ့ KIA ဦးဆောင်တဲ့ စစ်ရေးမဟာဗျူဟာမြောက်မှုနဲ့ ကျနော်တို့ PDF တပ်ပေါင်းစုတွေရဲ့ ထိုးစစ်ပြင်းထန်မှုတွေကြောင့် သူတို့ရဲ့ နောက်ဆုံးခံစစ်နေရာ ရဲစခန်းကို တိုက်ခိုက်ပြီး တမြို့လုံး သိမ်းနိုင်ခဲ့တာပါ။ သူတို့ဘက်က အသေအပျောက်များတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာလည်း များတယ်” လို့ ပြောပါတယ်။

နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ ပင်လည်ဘူးမြို့ကို ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်လာခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကို ဒုတိယအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်က စတင်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၆ ရက်မှာ စစ်ကောင်စီတပ်စခန်းတွေကနေ စစ်သုံ့ပန်း ၆၀ ကျော် အပါအဝင် လက်နက်ခဲယမ်း ၈၀ ကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013