DVB Logo
Home
နိုင်ငံတကာ
မြူးနစ်ဘီယာပွဲတော်တွင် ဘီယာခွက်ပေါင်း ၇ သန်းအထိ သောက်သုံး
DVB
·
October 7, 2024
မြူးနစ်ဘီယာပွဲတော်တွင် ဘီယာခွက်ပေါင်း ၇ သန်းအထိ သောက်သုံး
Donate to DVB

၁၆ ရက်တာကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး ဘီယာသောက်ပွဲတော် Oktoberfest ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အောင်မြင်စွာပိတ်သိမ်းခဲ့ပါတယ်။

ဘာဗေးရီးယန်းပြည်နယ်ရဲ့ မြို့တော် မြူးနစ်မှာ နှစ်စဉ်ကျင်းပတဲ့ ဒီပွဲကို တက်ရောက်လာသူပေါင်း ၆ ဒသမ ၇ သန်းလောက်ရှိတယ်လို့ ပွဲစီစဉ်သူတွေက အတည်ပြုပါတယ်။

ဒီပွဲတော်အတွက် အမှတ်အသားဖြစ်တဲ့ ၁ လီတာဝင် ဘီယာခွက်ပေါင်း ၇ သန်းအထိကို သောက်သုံးခဲ့ကြသလို ၂၀၂၃ တုန်းက လာရောက်ခဲ့သူ ၇ ဒသမ ၂ သန်းထက်စာရင်လည်း အနည်းငယ် လျော့ကျသွားခဲ့တာပါ။

ဒီနှစ်မှာတော့ အမေရိကန်၊ အီတလီ၊ ဗြိတိန်၊ ပိုလန်နဲ့ ဩစတြီးယား နိုင်ငံတို့က အဓိက ရောက်လာခဲ့ကြတဲ့အပြင် အိန္ဒိယနိုင်ငံသားတွေကိုပါ ပထမဆုံးအကြိမ် ပိုတိုးလာခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒီတခေါက်ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာလည်း ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ကြောင်း မြူးနစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် Maß လို့ သိထားကြတဲ့ ဘီယာခွက်ကြီးတွေကို အိမ်ပြန်အမှတ်တရအဖြစ် ပွဲလာပရိသတ်တွေက လျှို့ဝှက်ယူဆောင်သွားကြရာမှာ လုံခြုံရေးအစောင့်တွေအနေနဲ့ စစ်ဆေးသိမ်းဆည်းရမှုပေါင်း ၉၈,၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖုန်း၊ မှတ်ပုံတင်နဲ့ ပိုက်ဆံအိတ်လိုမျိုး ပစ္စည်းပျောက်ဆုံးမှုပေါင်း ၃,၅၀၀ ကျော် ဒီနှစ်ထဲမှာရှိခဲ့ပြီး အဲဒီထဲက ၈၀၀ ကို ပိုင်ရှင်တွေဆီ ပြန်လည်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်။

ဘီယာပွဲတော်ဟာ ဘာဗေးရီးယန်း အိမ်ရှေ့စံမင်းသားနဲ့ ဇနီးသည်ဖြစ်သူ မင်းသမီးတို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မြင်းပြိုင်ပွဲတခုအဖြစ် စတင်ပေါ်ပေါက်ခဲ့တာပါ။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013