ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ်စတီယာနို ရော်နယ်ဒိုဟာ နော်ဝေနဲ့ပွဲမှာ လူစားဝင် မကစားခဲ့ရဘဲ နည်းပြ ဂျော့ချ်ဂျေးဆူးနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် လက်ရွေးစင်အသင်း လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားတယ်လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုကတော့ ထွက်ခွာရတဲ့ အကြောင်းအရင်း အမှန်တရားကို နောက်မှ ရှင်းပြသွားမယ်လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
နည်းပြ ဂျေးဆူးကတော့ ရော်နယ်ဒိုနဲ့ ပြဿနာမရှိဘူးလို့ ငြင်းဆိုထားပေမဲ့ ဒိန်းမတ်နဲ့ပွဲမှာလည်း ပွဲထွက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိမှာတော့ ပေါ်တူဂီအသင်းအနေနဲ့ ကျန်ရှိတဲ့ ကစားသမား ၂၄ ယောက်နဲ့ ရှေ့ဆက်သွားမယ်လို့ အဖွဲ့ချုပ်က ဆိုပါတယ်။










