DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့၌ သန်းခေါင်စာရင်းကောက်သည့် ဝန်ထမ်း ၁ ဦးကို  PDF Zoland ဖမ်းဆီး
DVB
·
October 5, 2024
တီးတိန်မြို့၌ သန်းခေါင်စာရင်းကောက်သည့် ဝန်ထမ်း ၁ ဦးကို  PDF Zoland ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ သန်းခေါင်းစာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း တယောက်ကို အောက်တိုဘာ ၄ ရက်မှာ  ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ PDF Zoland ဆီကနေ သိရပါတယ်။

PDF Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ခိုင်းတဲ့အလုပ်ကို ဦးဆောင်ပြီး Non CDM ၀န်ထမ်းတွေနဲ့ တက်တက်ကြွကြွ ပါ၀င်ဆောင်ရွက်နေသူဖြစ်လို့ ဖမ်းဆီးလိုက်တာပါ”  လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူဟာ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၀ ကျော်အရွယ် U Kam Lam Thang  ဖြစ်ပြီး ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

PDF Zoland ရဲ့တာဝန်ရှိသူက “စစ်တပ်ကလုပ်တဲ့ သန်းခေါင်စာရင်းကိစ္စမှာ မပါ၀င်ကြဖို့ သတိပေးထုတ်ပြန်ပြီးသားပါ။ သတိပေးချက်ထုတ်ပြန်ပြီးမှ သူကခေါင်းဆောင်ပြီး Non CDM ၀န်ထမ်းတွေနဲ့ပေါင်းပြီး သန်းခေါင်စာရင်း လိုက်ကောက်ပေးနေတယ်။ အခုဖမ်းဆီးထားပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဘယ်လိုအရေးယူ ဆောင်ရွက်ရမယ်ဆိုတာကို ပြောလို့ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

PDF Zoland ရဲ့ စိုးမိုးနယ်မြေအတွင်း စစ်ကောင်စီကို သန်းခေါင်စာရင်း ကောက်ပေးနေကြသူတွေအနေနဲ့ ဆက်လက်မကောက်ကြဖို့ တိုက်တွန်းပြီး ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေသူတွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုအကြောင်းပြပြီး သန်းခေါင်စာရင်းကောက်ယူရာမှာ မပူးပေါင်းမပါ၀င်ကြဖို့နဲ့ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြသူတွေကို အရေးယူသွားမယ်လို့ PDF Zoland နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စက်တင်ဘာ ၃၀ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013