DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဖိအားပေးမှုကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့ လိုင်စင်ပြန်အပ်မည်
DVB
·
October 5, 2024
စစ်ကောင်စီဖိအားပေးမှုကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီအချို့ လိုင်စင်ပြန်အပ်မည်
Donate to DVB

စစ်ကောင်စီရဲ့ ဖိအားပေးညွှန်ကြားချက်တွေနဲ့ အလုပ်သမားစျေးကွက် မတည်ငြိမ်မှုတွေကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ လိုင်စင်ပြန်အပ်ဖို့ ရှိတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝိုင်းက သိရပါတယ်။

စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားတွေ မိသားစုဆီ ငွေလွှဲပို့စေရေး အေဂျင်စီတွေက ကြပ်မတ်ဆောင်ရွက်ဖို့ ဖိအားပေးတာရှိသလို ညွှန်ကြားချက်အတိုင်း အပြည့်အဝ မလိုက်နာလို့ ဆိုပြီး အရေးယူတာတွေ ရှိနေတာကြောင့် လုပ်ငန်းလုပ်ကိုင်ရတာ စိတ်ပျက်လာကြတယ်လို့ သူတို့က ဆိုပါတယ်။

လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “လွှဲပို့ငွေဆိုလည်း အလုပ်သမားက မလွှဲရင် ကိုယ်တွေက အရေးယူမခံရအောင် နာမည်ခံလွှဲနေရတာ။ အဲဒီအတွက် ငွေကြေးဆုံးရှုံးနစ်နာမှုတွေရှိတယ်။ တာရှည်တော့ မတောင့်ခံနိုင်ဘူး။ လုပ်သားစျေးကွက်ဆိုရင် လည်း အေဂျင်စီတွေ တိုးလာပြီး စျေးကွက်ပြိုင်ဆိုင်မှု များလာတယ်။ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ တချို့တွေ လိုင်စင်ပြန်အပ်တော့မယ်ဆိုပြီး ပြောလာကြပြီ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက လုပ်သားအများဆုံးစေလွှတ်တဲ့ မလေးရှားနိုင်ငံက လုပ်သားခေါ်ယူတာ ရပ်ထားတာကြောင့် အေဂျင်စီတွေရဲ့ စျေးကွက်ကျဆင်းခဲ့ရသလို ထိုင်းနိုင်ငံကလည်း တရားမဝင် ရောက်ရှိနေတဲ့ လုပ်သားတွေကို စျေးနှိမ်ပြီး ခိုင်းလို့ရတဲ့ အခြေအနေရှိနေလို့ အရင်လောက် ဆက်ဆံ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူးလို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတချို့က ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “အခုက ထိုင်းကို လုပ်သားပို့တဲ့ အေဂျင်စီတွေကို ဌာနက အဓိက ဖိအားပေးနေတာဆိုတော့ အဲဒီအေဂျင်စီထဲက တချို့တော့ လိုင်စင်ပြန်အပ်မယ့် သဘောရှိတယ်။ စကစနဲ့ နီးစပ်တဲ့သူတွေက အေဂျင်စီအသစ်အနေနဲ့ ဝင်လာကြပြီး နေရာယူလာကြတယ်။ ဒီပုံစံတိုင်းဆိုရင် ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းက ပျက်စီးတော့မှာ” လို့ ပြောပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ အရေအတွက် ၆၀၀ နီးပါးရှိလာပြီး အာဏာ မသိမ်းခင် ကထက် နှစ်ဆကျော် တိုးလာတာဖြစ်ပါတယ်။

အသစ်တိုးလာတဲ့ အေဂျင်စီအများစုမှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ တခြားစီးပွားရေးလုပ်ငန်း နယ်ပယ်ကနေ ရောက်ရှိလာသူတွေဖြစ်တယ်လို့ အေဂျင်စီ အသိုက်အဝန်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013