
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် စစ်အာဏာရှင်လက်အောက်ခံ အခြေခံပညာကျောင်းတွေရဲ့ အောင်စာရင်းတွေကို မေ ၁၄ ရက် ဒီနေ့မနက်က နိုင်ငံတဝန်းရှိ သက်ဆိုင်ရာ ကျောင်းတွေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူဦးရေ ၆,၁၁၉,၂၆၀ ယောက် တက်ရောက်ခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခြေခံပညာသူငယ်တန်းကနေ ၁၁ တန်းအထိပညာရေးစနစ်ဟာ အကျမရှိ အအောင်ပေးတဲ့ စနစ်ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူဦးရေ ၆,၄၁၄,၇၉၉ ဦးတက်ရောက်ခဲ့ကြပြီး အခုနှစ်မှာတော့ တက်ရောက်သူကျောင်းသားဦးရေဟာ ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာဖြစ်ပါတယ်။










