DVB Logo
Home
အားကစား
ဘယ်လင်ဂမ်၊ ဖိုဒမ်နှင့် ပါလ်မာတို့ကို တွဲဖက်အသုံးပြုရန် မလွယ်ဟု အင်္ဂလန်နည်းပြပြော
DVB
·
October 4, 2024
ဘယ်လင်ဂမ်၊ ဖိုဒမ်နှင့် ပါလ်မာတို့ကို တွဲဖက်အသုံးပြုရန် မလွယ်ဟု အင်္ဂလန်နည်းပြပြော
Donate to DVB

ဘယ်လင်ဂမ်၊ ဖိုဒမ်နဲ့ ပါလ်မာတို့ကို တွဲဖက်အသုံးပြုဖို့ မလွယ်ကြောင်း အင်္ဂလန်ယာယီနည်းပြ လီကာစ်လေက ပြောသွားပါတယ်။

နည်းပြ ကာစ်လေဟာ လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းကို စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အသင်းလူစာရင်းမှာ ကစားပုံဆင်တူကြတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဖိုဒမ်နဲ့ ပါလ်မာတို့ ဆက်လက်ရွေးချယ်ခံခဲ့ရတာပါ။

အဆိုပါတိုက်စစ်ကစားသမား ၃ ယောက်ကို တသင်းထဲမှာ ထည့်သွင်းအသုံးပြုဖို့အတွက် မလုပ်ဆောင်နိုင်သေးကြောင်း လီကာစ်လေက ဝန်ခံခဲ့ပြီး အနာဂတ်မှာတော့ တွဲဖက်အသုံးပြုနိုင်ဖို့ လုပ်ဆောင်သွားရမယ်လို့ ပြောပါတယ်။

အင်္ဂလန်ရဲ့ ၂၅ ယောက်စာရင်းမှာ စပါးတိုက်စစ်မှူး ဆိုလန်ကီက ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပါဝင်လာခဲ့ပြီး မက်ဂွဲယား၊ ဂျရတ်ဘိုဝင်၊ အီဇီနဲ့ ဂျေဒန်ဆန်ချို အစရှိတဲ့ ကစားသမားတွေကို ချန်လှပ်သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013