DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုနယ်စပ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၆ ဦး သေဆုံး
DVB
·
October 4, 2024
မက္ကဆီကိုနယ်စပ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၆ ဦး သေဆုံး
Donate to DVB

မက္ကဆီကိုနိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၃၃ ယောက် လိုက်ပါလာတဲ့ ပစ်ကပ် ထရပ်ကားဟာ စစ်တပ်လှည့်ကင်းကို တိမ်းရှောင်ဖို့ ကြိုးစားရင်း မက္ကဆီကိုစစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ထရပ်ကားထဲက ရွှေ့ပြောင်းနေထိုင်သူ ၆ ယောက် သေဆုံးသွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

ရွှေ့ပြောင်းအခြေချမှုကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး မက္ကဆီကို တောင်ပိုင်းနယ်စပ်မှာ တင်းမာမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

အောက်တိုဘာ ၁ ရက် ညပိုင်းက ကင်းလှည့်အဖွဲ့ဟာ ဂွါတီမာလာနယ်စပ်ရှိ တာပါချူလာမှ ၄၀ ကီလိုမီတာလောက် အကွာရှိ ဝှစ်က်စ်လာမြို့အနီး အဝေးပြေးလမ်းမပေါ်မှာ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၉ နာရီမထိုးခင်မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဝန်ကြီးဌာနကနေ သိရပါတယ်။

အဲဒီပစ်ကပ်ထရပ်ကားကို နယ်မြေအတွင်း ရာဇ၀တ်ဂိုဏ်းတွေ အသုံးပြုတတ်တဲ့ မော်တော်ယာဉ်တွေနဲ့ ဆင်တူတဲ့ ကား ၂ စီးက နောက်မှ လိုက်ပါလာခဲ့ကြောင်းနဲ့ အရာရှိ ၂ ယောက်က ပစ်ခတ်ခဲ့ပြီးနောက်မှာ ပေါက်ကွဲသံတွေကို ကြားခဲ့ရကြောင်း စစ်သားတွေက သတင်းပို့ပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူ ၄ ယောက် အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး တခြား ၂ ယောက်က ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်ရပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၁၀ ယောက်ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအဖွဲ့မှာ အီဂျစ်၊ နီပေါ၊ ကျူးဘား၊ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံသားတွေ ပါဝင်ပေမဲ့ သေဆုံးသွားသူတွေဟာ ဘာလူမျိုးဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်ခတ်ခဲ့တဲ့ စစ်သား ၂ ယောက်ကို သူတို့ရဲ့ ရာထူးမှ ဖယ်ရှားခဲ့ပြီး ဖက်ဒရယ်အစိုးရရှေ့နေတွေဆီကို အကြောင်းကြားခဲ့ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ခုံရုံးကလည်း သူ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ လတ်တလောနှစ်ကာလတွေမှာ အမေရိကန်နဲ့ ထိစပ်ဝေမျှထားတဲ့ နယ်စပ်ကို ဖြတ်ကူးဖို့ စီးပွားရေးအခက်အခဲတွေနဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးရောက်ရှိလာတဲ့ စံချိန်တင် ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို လျှော့ချဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို ခံနေရတာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013