DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ရာတွင် ပါဝင်သည့် ဝန်ထမ်းများကို တောင်သာ ပကဖ အရေးယူမည်
DVB
·
October 3, 2024
သန်းခေါင်စာရင်းကောက်ရာတွင် ပါဝင်သည့် ဝန်ထမ်းများကို တောင်သာ ပကဖ အရေးယူမည်
Donate to DVB

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူသွားမယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

တောင်သာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “ပြည်သူ့အစိုးရဆီကနေ အာဏာကို လက်နက်အားကိုးပြီး လုယူထားတဲ့ စစ်တပ်က ရွေးကောက်ပွဲကို အကြောင်းပြပြီး သန်းခေါင်စာရင်း ကောက်ယူနေတာဟာ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ စာရင်းပြုစုနေတာဖြစ်တယ်လို့ သတ်မှတ်ယူလို့ အခုလို ထုတ်ပြန်တာ” လို့ ပြောပါတယ်။

ပြည်သူကိုလိမ်ညာပြီး သန်းခေါင်စာရင်း ကောက်နေတာကို လိုက်ပါကူညီနေသူတွေထဲမှာ Non CDM ဝန်ထမ်းတွေ ပါဝင်နေတဲ့အတွက် သူတို့ကို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်သာမြို့နယ် ပကဖ တာဝန်ခံတယောက်က “သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ လိုက်ပါဆောင်ရွက်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူမယ် ဆိုတာဟာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီးတော့ကို အရေးယူမှာပါ။ ဒါကြောင့်မို့လို့ ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့ပဲဖြစ်ဖြစ် သန်းခေါင်စာရင်းလိုက်ကောက်နေတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ ကိုယ့်မိသားစုဝင်တွေကို ငဲ့ညှာပြီး လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ လိုပါတယ်။ အခုဆို ထုတ်ပြန်ချက်ထုတ်ပြီး အသိပေးပြီးပြီဖြစ်လို့ အရေးယူ ဆောင်ရွက်မှုတွေကို တဆက်တည်း ပြုလုပ်သွားတော့မှာပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ အခု ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်မယ့် လုပ်ငန်းစဥ်တွေမှာ သက်ဆိုင်ရာ မြို့နယ်တွေအတွင်း ပါဝင်ကူညီသူ ဘယ်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက မြို့နယ်တွေအပါအဝင် တခြားမြို့နယ်အများစုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးချက်တွေ အသီးသီး ထုတ်ပြန်ထားပေမဲ့လည်း စစ်ကောင်စီစိုးမိုးတဲ့ နေရာတွေမှာတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဟာ ပြည်သူတွေဆီကို သန်းခေါင်စာရင်းတွေ လိုက်လံကောက်ခံနေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013