DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် ပြည်သူများ ဆက်သွယ်ရန် ခက်ခဲ
DVB
·
October 3, 2024
ကချင်ပြည်နယ်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် ပြည်သူများ ဆက်သွယ်ရန် ခက်ခဲ
Donate to DVB

ကချင်ပြည်နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားလို့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအပါအဝင် ကချင်ပြည်သူတွေ သတင်းအချက်အလက် ရရှိဖို့နဲ့ တနေရာနဲ့ တနေရာ ဆက်သွယ်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။

ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ ၂ လကျော်ရှိလာပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို တိုက်ပွဲ အခြေအနေသတင်းတွေနဲ့ ကုန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပါ မရရှိဖြစ်နေတယ်လို့ မံစီမြို့နယ်က တိုက်ပွဲတိုက်ရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားတဲ့ ဒေသတွေမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေတာကြောင့် ရုပ်မြင်သံကြားတွေကနေ သတင်းအချက်အလက်ရရှိဖို့ ခက်ခဲနေပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအပြင် လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဒေသတွေမှာ သတင်းအချက်အလက်ရရှိဖို့ ရေဒီယိုကို အသုံးပြုနေရသလို တဆင့်စကား တဆင့်နဲ့ သတင်းအချက်အလက်တွေကို ဝေမျှနေကြတယ်လို့ မံစီမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ မပြတ်တောက်ခင် ဖုန်းကနေတဆင့် သတင်းအချက်အလက်တွေကို ဝေမျှကြပေမဲ့ ဖုန်းလိုင်းတွေပြတ်တောက်သွားတဲ့နောက် မိသားစု ဆွေမျိုးသားချင်း မိတ်ဆွေတွေ အချင်းချင်း အဆက်သွယ်ပြတ်သွားတာတွေလည်း ကြုံတွေ့နေရပါတယ်။

ဖုန်းလိုင်းမရလို့ နာရေးကိစ္စတွေ ပေါ်ပေါက်ရင်လည်း အဝေးရောက်နေတဲ့ မိသားစုတွေကို အကြောင်းကြား အသိပေးလို့ မရနိင်တဲ့ အခြေအနေတွေ အထိဖြစ်နေတယ်လို့ မံစီမြို့နယ်က ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ဟာ စစ်ပွဲတွေ ဆက်ပြင်းထန်းနေဆဲ ဖြစ်တာကြောင့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရရှိတော့သလို တိုက်ပွဲနီးကပ်လာမှ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နီးကပ်လာမှ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ ဝိုင်းမော်မြို့နယ်နေ ဒေသခံက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ရရှိနေပါက သတင်းအချက်အလက်တွေ ရရှိနေပြီး လုံခြုံရေးနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နိုင်တယ်လို့  ဝိုင်းမော်မြို့ခံက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013