DVB Logo
Home
မြန်မာသတင်း
နောင်ချိုနှင့် သီပေါ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
DVB
·
October 3, 2024
နောင်ချိုနှင့် သီပေါ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနဲ့ သီပေါမြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံက သိရပါတယ်။

နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာအနီးက အမှတ် ၉၀၂ နဲ့ ၃၅၄ တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို သီပေါမြို့က တပ်ရင်း ၅၀၃၊ ၅၀၄၊ ၂၃ တို့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တပ်ရင်း ၅၀၃ နဲ့ ၅၀၄ တို့ကို သိမ်းပိုက်ထားနိုင်တာမျိုး မရှိသေးဘဲ စစ်ကောင်စီတပ်တွေဘက်ကတော့ အကျအဆုံးများနေတယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။

“ကျမဆီတက်လာတဲ့ သတင်းတွေအရတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ၅၀၃ နဲ့ ၅၀၄ ကို သိမ်းပိုက်နိုင်ပြီ ဆိုတာကတော့ ကျမဆီတက်လာတာမျိုး မရှိသေးပါဘူး။ တောင်ခမ်းမှာတော့ ၉၀၂ နဲ့ ၃၅၄ မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။”

စစ်ကောင်စီဟာ နောင်ချိုမြို့ တောင်ခမ်းက အမြောက်တပ်တွေ မကျစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကနေ စစ်အင်အားဖြည့်တင်းနေသလို ဝေဟင်ကလည်း လက်နက်ခဲယမ်း၊ ရိက္ခာတွေကို ဖြည့်တင်းပေးနေတယ်လို့ TNLA က ဆိုပါတယ်။

လွေးယေဦးက “လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအရ စစ်ကောင်စီဘက်က အကျအဆုံး များနေတယ်လို့တော့ သိရတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးပါဘူး။ သီပေါက ၅၀၃ နဲ့ ၅၀၄ ကို သိမ်းပိုက်နိုင်ဖို့ နီးစပ်ပြီလား ဆိုတာလည်း သေချာမသိသေးပါဘူး” လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့ သီပေါ၊ နောင်ချိုမြို့တို့က အရပ်သားပစ်မှတ်တွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် TNLA ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

သီပေါမြို့မှာ စက်တင်ဘာ တလအတွင်း အရပ်သားပစ်မှတ်တွေကို ဦးတည်ကာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သား ပြည်သူ ၂၆ ယောက် သေဆုံးကာ ၄၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄၇ လုံး ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013