DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားနိုင်ငံသားများကို အရှေ့အလယ်ပိုင်းမှ ကယ်ဆယ်ရန် စစ်လေယာဉ် စေလွှတ် 
DVB
·
October 3, 2024
တောင်ကိုရီးယားနိုင်ငံသားများကို အရှေ့အလယ်ပိုင်းမှ ကယ်ဆယ်ရန် စစ်လေယာဉ် စေလွှတ် 
Donate to DVB

တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ အစ္စရေးလ်နဲ့ အရှေ့အလယ်ပိုင်းဒေသကနေ ကိုရီးယားနိုင်ငံသားတွေကို ကယ်ဆယ်ဖို့အတွက် စစ်လေယာဉ် ချက်ချင်းလွှတ်ဖို့ အောက်တိုဘာလ ၂ ရက်မှာ အမိန့်ထုတ်ခဲ့ကြောင်း သမ္မတရုံးက ပြောပါတယ်။

သမ္မတယွန်းဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ပတ်သက်လို့ သူ့ရဲ့အမျိုးသားလုံခြုံရေးနဲ့ စီးပွားရေးအကြံပေးတွေကို တွေ့ဆုံခဲ့ပြီးတော့ နိုင်ငံရဲ့ စွမ်းအင်ထောက်ပံ့မှု၊ ကုန်သွယ်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေအပေါ် သက်ရောက်မှုတစ်စုံတစ်ရာအတွက် မြန်မြန်ဆန်ဆန်နဲ့ အတိုင်းအတာတခုအထိ တုံ့ပြန်ဖို့ တောင်းဆိုခဲ့ကြောင်း ရုံးခန်းက ပြောပါတယ်။

သမ္မတယွန်းက “ဒီအချိန်မှာ အရေးကြီးဆုံးက နိုင်ငံသားတွေကို ကာကွယ်ပေးဖို့က ထိပ်တန်းဦးစားပေးဖြစ်ပြီး ဒေသတွင်းရှိ နိုင်ငံသားတွေ ဘေးကင်းစေရေးအတွက် လိုအပ်တဲ့ အစီအမံတွေအားလုံးကို ကျေးဇူးပြုပြီး ဆောင်ရွက်ပေးပါ”လို့ ပန်ကြားသွားတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းရဲ့ ဘေးကင်းမှုဟာ နိုင်ငံတကာ ရေနံဈေးနှုန်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပြီး ဆိုးလ်ရဲ့ စွမ်းအင်ထောက်ပံ့မှုနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအပေါ် သိသိသာသာ သက်ရောက်မှုရှိကြောင်းနဲ့ အရှေ့အလယ်ပိုင်းရှိ မတည်ငြိမ်တဲ့ အခြေအနေတွေရဲ့ အလားအလာတွေကို ပိုင်းခြားစိတ်ဖြာဖို့ လိုအပ်ကြောင်းလည်း သမ္မတက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အစ္စရေးနဲ့ လက်ဘနွန်ရှိ သူ့နိုင်ငံသားတွေကို ဘယ်နည်းလမ်းနဲ့မဆို ချက်ချင်း ထွက်ခွာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂျယ်ဝန်းက “အရှေ့အလယ်ပိုင်းမှာ အခြေအနေက အရမ်းမတည်မငြိမ်ဖြစ်နေတာကြောင့် လက်ဘနွန်နဲ့ အစ္စရေးမှာ လက်ရှိ နေထိုင်နေတဲ့ ကျနော်တို့နိုင်ငံသားတွေကို ရနိုင်တဲ့ လေယာဉ် ဒါမှမဟုတ် သင်္ဘောတွေကို အသုံးပြုပြီး အဲဒီနေရာကနေ အမြန်ဆုံးထွက်ခွာကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်”လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် အစိုးရအချက်အလက်တွေအရ အစ္စရေးမှာ အမြဲတမ်းနေထိုင်သူတွေနဲ့ အစ္စရေး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အပါအဝင် အစ္စရေးမှာ တောင်ကိုရီးယားနိုင်ငံသား ၅၇၂ ယောက်နဲ့ လက်ဘနွန်မှာ ၂၁၄ ယောက်ရှိတယ်လို့ သိရပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013