DVB Logo
Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းရှိ အမေရိကန်သံရုံးများက လုံခြုံရေးသတိပေးချက်ထုတ်ပြန်
DVB
·
August 2, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အရှေ့အလယ်ပိုင်းနိုင်ငံ ၁၀ နိုင်ငံလောက်မှာရှိတဲ့ အမေရိကန်သံရုံးတွေဟာ အမေရိကန်နိုင်ငံသားတွေ သတိထားဖို့နဲ့ ‘တင်းမာမှုတွေ မြင့်တက်လာရင် ထွက်သွားရေး စဉ်းစားဖို့ ဒါမှမဟုတ် ထွက်ခွာရေး အသင့်ပြင်ထားဖို့’ စနေနေ့မှာ သတိပေးလိုက်ပါတယ်။

အစ္စရေး၊ ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနဲ့ ဆော်ဒီအာရေဗျ အပါအဝင် နိုင်ငံတွေက အမေရိကန်သံရုံးတွေဟာ သူတို့ဝက်ဘ်ဆိုက်တွေမှာ အလားတူ လုံခြုံရေးသတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ 

အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာလို့ လုံခြုံရေးပတ်ဝန်းကျင်က ရှုပ်ထွေးနေဆဲဖြစ်ပြီး မမျှော်လင့်ဘဲ တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေရှိတယ်လို့ သတိပေးချက်တွေမှာ ဖော်ပြထားပါတယ်။ 

အရှေ့အလယ်ပိုင်းက အမေရိကန်နိုင်ငံသားတွေ သတိထားကြဖို့၊ ပိုစောင့်ကြည့်ကြဖို့၊၊ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းဖို့၊ အခါအားလျော်စွာ လေကြောင်းပိုင်နက်ပိတ်တာနဲ့ ခရီးသွားလာမှု အနှောင့်အယှက်တွေအတွက် အသင့်ပြင်ထားဖို့ကိုလည်း သံရုံးတွေက အကြံပြုထားပါတယ်။ 

ဒေသတွင်းပြင်ပက အမေရိကန်နိုင်ငံသားတွေလည်း အရှေ့အလယ်ပိုင်းဆီ ခရီးသွားတာရော ဖြတ်သန်းသွားလာတာကိုပါ အလေးအနက်ထား ပြန်စဉ်းစားဖို့ကိုလည်း အကြံပြုထားပါတယ်။ 

အမေရိကန် အလယ်ပိုင်းတိုင်း ကွပ်ကဲရေးဌာနက အမေရိကန်ကြည်းတပ် CH-47 Chinook ရဟတ်ယာဉ်တစင်း အရှေ့အလယ်ပိုင်းမှာ ဆင်းသက်ဖို့ ပြင်ဆင်နေပါတယ်။ 

Chinook ဟာ လူ၊ ပစ္စည်းကိရိယာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ပတ်ဝန်းကျင်အမျိုးမျိုးမှာ သယ်ယူပို့ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ tandem-rotor လေယာဉ်ဖြစ်ပါတယ်။

အီရန်ရဲ့ အခြေခံ အဆောက်အအုံတွေအပေါ် ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ကျယ်ပြန့်တဲ့အစီအစဉ် တခုကို အီရန်အစိုးရက ပြင်ဆင်ထားတယ်လို့ တက်စ်နင်မ် သတင်းဌာနက စနေနေ့ အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ 

အဲဒီအစီအစဉ်မှာ အရှေ့အလယ်ပိုင်းက အရေးပါတဲ့ အစ္စရေးရဲ့ အခြေခံ အဆောက်အအုံနဲ့ အမေရိကန်စွမ်းအင် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပါတယ်လို့လည်း သတင်းထွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013