DVB Logo
Home
မြန်မာသတင်း
ပလက်ဝ-ကျောက်တော်ကို ကုန်စည်ပို့ဆောင်သည့် စက်လှေသမား ၃ ဦး သတ်ဖြတ်ခံရ
DVB
·
October 2, 2024
ပလက်ဝ-ကျောက်တော်ကို ကုန်စည်ပို့ဆောင်သည့် စက်လှေသမား ၃ ဦး သတ်ဖြတ်ခံရ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့ကို ကုန်စည်ပို့ဆောင်နေတဲ့ ပလက်ဝမြို့နယ် မောင်နှမကျေးရွာက စက်လှေသမား ၃ ယောက်  လမ်းမှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းမှာ  ကုန်စည်တွေကို စက်လှေအငှား ပို့ဆောင်နေကြတဲ့  မောင်နှမကျေးရွာက ဦးဆန်းအောင် (၆၁နှစ်)၊ သားဖြစ်သူ ကိုအိုက်မြင့် (၂၆ နှစ်) နဲ့ မြေးဖြစ်သူ မောင်ပီစီထွန်း(၁၃ နှစ်)တို့ ဖြစ်ကြပါတယ်။

သူတို့ ၃ ဦးဟာ စက်တင်ဘာလ ၈ ရက်ကတည်းက ပလက်ဝကနေ့ ကျောက်တော်မြို့ကို စက်လှေနဲ့ ကုန်စည်ပို့ဆောင်ရာကနေ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်မှာ ပလက်ဝမြို့နယ် မွန်ထောင့်ကျေးရွာအနီးမှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေရှိခဲ့ကြတာလို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ စက်လှေသမားတယောက် က ပြောပါတယ်။

“သူတို့က ပလက်ဝနယ်စပ်ကနေ ကျောက်တော်ဘက်ကို  စက်လှေနဲ့ ကုန်စည်တွေ ပို့ဆောင်နေကြတာဖြစ်တယ်။ အဲဒီကနေ ပလက်ဝ-ကျောက်တော် လမ်းမှာသတ်ဖြတ်ခံရတာ။ ဘာကြောင့်သတ်တယ် ဘယ်သူသတ်တယ်ဆိုတာတော့ ကျနော်တို့လည်းမသိရသေးဘူး။ အလောင်းတွေကိုတော့ စက်တင်ဘာ ၂၀ ရက်မှာ မိသားစုတွေက ရှာဖွေတွေ့ရှိထားကြတာ။ စက်လှေသမားတွေ သတ်ဖြတ်ခံရတော့ တခြားစက်လှေသမားတွေနဲ့ ခရီးသွားတွေအတွက်လည်း တော်တော်လည်းကို စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားပြီ” လို့ပြောပါတယ်။

သေဆုံးသွားတဲ့ စက်လှေသမား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေမှာ ဓားခုတ်ရာတွေလည်းပါတာကြောင့် တမင်ရည်ရွယ်ပြီး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ပလက်ဝမြို့နယ်အတွင်းက သတင်းအချက်အလက်တွေကို အချိန်မီ မရရှိတာကြောင့်လည်း ဒုစရိုက်မှုတွေ ထူးပြောလာမှာကို ဒေသခံတွေနဲ့ ခရီးသွားတွေအကြား စိုးရိမ်နေကြပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (အေအေ)က ဇန်နဝါရီလကတည်းက သိမ်းပိုက်ထားထားဖြစ်ပြီး လက်ရှိ ပလက်ဝဒေသခံတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ထားတယ်လို့  AA ကပြောထားပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့အကြား တိုက်ရိုက်ကုန်သွယ်မှုကို ရခိုင်ဘက်က ကုန်သည်တွေက ပြုလုပ်နေကြတာ ဖြစ်ပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013