
အယ်လ်ဘေးနီးယားနိုင်ငံမှာ ပါလီမန်အမတ် အာဗင်ဆာလျန်ဂျီ ဖမ်းဆီးခံရတာကို ကန့်ကွက်တဲ့အနေနဲ့ စက်တင်ဘာ ၃၀ ရက်က အတိုက်အခံတွေက လွှတ်တော်အဆောက်အအုံရှိ ထိုင်ခုံတွေကို ယူပြီး မီးရှို့ခဲ့ကြပါတယ်။
ဆာလျန်ဂျီကို ပြည်ထဲရေးဝန်ကြီးဟောင်း ဖှတ်မီယာ ရှာဖှာ့ဂျ်နဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အစီရင်ခံစာတင်သွင်းမှုအတွက် စက်တင်ဘာ ၂၆ ရက်က ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့တာပါ။
ဆာလျန်ဂျီဟာ ဝန်ကြီးချုပ် အယ်ဒီရာမာရဲ့ ဥပဒေပြုလွှတ်တော်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အယ်လ်ဘေးနီးယား ဒီမိုကရက်တစ်ပါတီရဲ့ အတိုက်အခံ ပါတီဝင်တယောက် ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဆာလီဘယ်ရီရှာကိုလည်း ဝန်ကြီးချုပ်အဖြစ် ရာထူးတာဝန် ထမ်းဆောင်ချိန်က အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ စက်တင်ဘာ ၁၁ ရက်က တရားဝင် စွဲချက်တင်ခံခဲ့ရပါတယ်။ ဘယ်ရီရှာကတော့ အဲဒီစွဲချက်ကို နိုင်ငံရေးရန်ငြိုးဖွဲ့မှုအဖြစ် ဖော်ပြခဲ့ပါတယ်။
Source-Reuters










