DVB Logo
Home
နိုင်ငံတကာ
၁၄၂ နှစ်အကြာတွင် ကျောက်မီးသွေးသုံး စွမ်းအင်အသုံးပြုမှု ဗြိတိန် စွန့်လွှတ်
DVB
·
October 1, 2024
၁၄၂ နှစ်အကြာတွင် ကျောက်မီးသွေးသုံး စွမ်းအင်အသုံးပြုမှု ဗြိတိန် စွန့်လွှတ်
Donate to DVB

ဗြိတိန်နိုင်ငံဟာ ကျောက်မီးသွေး မီးရှို့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို နှစ်ပေါင်း ၁၄၂ နှစ်အကြာမှာ  ရပ်တန့်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံတခုက ရုပ်ကြွင်းလောင်စာအပေါ်မှီခိုရမှုကို ပထမဆုံး အကြိမ် အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တဲ့ ဗြိတိန်ရဲ့နောက်ဆုံးသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ Ratcliffe-on-Soar ကိုလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ တရားဝင် ရပ်နားလိုက်တာပါ။

ဒါကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုလျှော့ချနိုင်ရေး ရည်မှန်းချက်တွေထဲက အဓိကမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့တယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒီကျောက်မီးသွေးဟာ လောင်ကျွမ်းတဲ့အခါမှာ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထွက်ရှိတဲ့ အညစ်ညမ်းဆုံးသော ရုပ်ကြွင်းလောင်စာလည်း ဖြစ်ပါတယ်။

စွမ်းအင်ဝန်ကြီး မိုက်ကယ်ရှန့်ခ်စ်က “ကျနော်တို့ဟာ နိုင်ငံတနိုင်ငံအနေနဲ့  မျိုးဆက်တွေ အပေါ်တင်ခဲ့တဲ့ကျေးဇူးကြွေးတွေကိုပြန်ဆပ်နေပါတယ်" ဆိုပြီး ပြောကြားသွားပါတယ်။

ဒါ့အပြင်ဗြိတိန်က ကျောက်မီးသွေးသုံးစွမ်းအင် ပေါ်ထွက်ခဲ့ရာနိုင်ငံဖြစ်သလို ဒါကို စွန့်လွှတ်တော့မယ့် ပထမဆုံး အင်အားကြီးနိုင်ငံလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်က ပထမဆုံးကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ Holborn Viaduct ဖြစ်ပြီး အဲ့ဒီစက်ရုံကို အမေရိကန်တီထွင်သူ သောမက်စ်အက်ဒီဆင် ကိုယ်တိုင် တည်ဆောက်ခဲ့တာပါ။

၁၈၈၂ ခုနှစ်တုန်းက လန်ဒန်မြို့တော်မှာ စက်ရုံတည်ဆောက်ခဲ့ပြီးနောက် လမ်းတွေကို မီးထိန်ထိန်ညီးစေခဲ့တယ်လို့ ဆိုပါတယ်။

၂၀ ရာစုအစောပိုင်း ထက်ဝက်လောက်မှာ ကျောက်မီးသွေးက ဗြိတိန်အတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားအများစုကို ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ အထိလည်း ဗြိတိန်စွမ်းအင်ရဲ့ ၃၉ ရာခိုင်နှုန်းအထိကို ကျောက်မီးသွေးက ထုတ်လုပ်ပေးနေခဲ့တာပါ။

၂၀၁၀ မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေက ဗြိတိန်လိုအပ်တဲ့ ၇ ရာခိုင်နှုန်းကိုသာ ဖြည့်စွမ်းနိုင်ခဲ့ပေမဲ့လည်း ၂၀၂၄ ပထမနှစ်ဝက် အရောက်မှာတော့ ၅၀ ရာခိုင်နှုန်းကျော်အထိ စံချိန်တင်တိုးလာခဲ့ပါတယ်။

တဖက်မှာလည်း ကျောက်မီးသွေးဟာ လေအားနဲ့ ဆိုလာ လိုမျိုး ရာသီဥတုအခြေအနေအရ အကန့်အသတ်ရှိမနေဘဲ အချိန်တိုင်းရနေနိုင်တဲ့ စွမ်းအင်ရင်းမြစ်တခု ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013