DVB Logo
Home
နိုင်ငံတကာ
ချောကလက်ရောင်ဧရာမ ပင်ဂွင်း အင်တာနက်မှာ နာမည်ကြီးနေ
DVB
·
October 1, 2024
ချောကလက်ရောင်ဧရာမ ပင်ဂွင်း အင်တာနက်မှာ နာမည်ကြီးနေ
Donate to DVB

ဩစတြေးလျနိုင်ငံက ထင်ရှားတဲ့ အဏ္ဏဝါပြတိုက်တခုက ချောကလက်ရောင် ဧရာမ “ကင်းပင်ဂွင်း” လေးတကောင်ဟာ အင်တာနက်မှာ နာမည်ကြီးပြီး လာကြည့်သူ အထူးများပြားနေပါတယ်။

ပက်စတိုလို့ အမည်ပေးထားတဲ့ ၉ လသား ပင်ဂွင်းငှက်ပေါက်လေးဟာ ငှက်ပေါက်လေးဆိုပေမဲ့ သူ့မိဘနှစ်ကောင်ပေါင်းထက် ပိုလေးပြီး ၅၂ ပေါင် ရှိပါတယ်။

ချောကလက်ရောင် အမွေးဟာ ကင်းပင်ဂွင်းပေါက်တွေကို ဆောင်းတွင်းမှာ ပိုနွေးထွေးစေပါတယ်။ ကြီးပြင်းလာတဲ့အခါမှ အမွေးအတောင်ပြောင်းလဲပြီး ကိုယ်အလေးချိန်လည်း ပြန်ကျလာမှာဖြစ်ပါတယ်။

ပက်စတိုဟာ Sea Life Melbourne မှာ မွေးခဲ့သမျှထဲမှာ အကြီးဆုံးအကောင် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ပတ်စတိုဟာ တီဗွီရှိုးတွေမှာ ပါသလို သူ့ပရိသတ်တွေထဲမှာလည်း ကေတီပယ်ရီလို နာမည်ကြီးတွေ ပါဝင်ပါတယ်။

လူမှုကွန်ရက်ချန်နယ်တွေနဲ့ ဝက်ဘ်ဆိုက်ကနေ ပက်စတိုကို ကြည့်ရှုသူ ၄ ဘီလီယံလောက် ရှိတယ်လို့ Sea Life Melbourne ငါးပြတိုက်ကိုစီမံတဲ့ Merlin Entertainments က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ အစောပိုင်းက အထီးလေးလား၊ အမလေးလား ဆိုတာကို အတည်ပြုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ အထူးရေပန်းစားခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ထိုင်းနိုင်ငံက ရေမြင်းပုလေး မူဒန်းဟာလည်း လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါသေးတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013