DVB Logo
Home
နိုင်ငံတကာ
ရဝမ်ဒါတွင် မာရ်ဘက်ဂ်ဗိုင်းရပ်စ်ရောဂါကူးစက်ပြီး လူ ၆ ဦး သေဆုံး
DVB
·
October 1, 2024
ရဝမ်ဒါတွင် မာရ်ဘက်ဂ်ဗိုင်းရပ်စ်ရောဂါကူးစက်ပြီး လူ ၆ ဦး သေဆုံး
Donate to DVB

ရဝမ်ဒါနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ မာရ်ဘက်ဂ်ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဖျားကပ်ရောဂါ စတင်ကတည်းက သေဆုံးသူ ၆ ယောက် ရှိနေပြီး ရောဂါဖြစ်ပွားသူအယောက် ၂၀ ကို အတည်ပြုနိုင်ခဲ့တယ်လို့ ရဝမ်ဒါ ကျန်းမာရေးဝန်ကြီး ​ဆေဗင်အန်နန်စန်ဇီမာနာက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

သေဆုံးသူအများစုဟာ ဆေးရုံတွင်းအထူးကြပ်မတ်ကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေပါ။ ကူးစက်ခံလူနာ ၈ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဝန်ကြီးက သတင်းထောက်တွေကို မြို့တော်ကီဂါလီမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

အစိုးရက ရောဂါရှိသူတွေရဲ့ အဆက်အသွယ်တွေကို ခြေရာခံဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

မာရ်ဘက်ဂ် ရောဂါ ကူးစက်ခံရရင် အပြင်းအထန် ခေါင်းကိုက်၊ အော့အန်၊ ကြွက်သားကိုက်ခဲ၊ ဗိုက်နာစတဲ့ လက္ခဏာတွေကို ခံစားရပြီး လူနာတချို့ သေဆုံးစေနိုင်တယ်လို့ ရဝမ်ဒါ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013