DVB Logo
Home
Lead Story
လပခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်ပစ်ခံရသဖြင့် တိုင်းမှူးအသစ် သတိပေးခံရ
DVB
·
September 30, 2024
လပခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့်ပစ်ခံရသဖြင့် တိုင်းမှူးအသစ် သတိပေးခံရ
Donate to DVB

စစ်ခေါင်းဆောင် မန္တလေးတိုင်းကို ရောက်နေချိန်မှာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းစစ်ဌာနချုပ်အား PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်ကျော်ကိုထိုက် ကို သတိပေး ခံဝန်ခေါ်ထိုးခိုင်းတယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မိတ္တီလာခရိုင်မှာ စက်တင်ဘာ ၂၉ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူထုတွေ့ဆုံပွဲကို မလာမီ မနက်အစောပိုင်းမှာ PDF တွေက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာပါ။

တိုင်းစစ်ဌာနချုပ်နဲ့နီးစပ်သူတယောက်က “တပ်ချုပ်က မနက်စောစောလာဖို့ လပခကို ရှော့ တိုက်ဒုံးနဲ့ ပစ်ခံရတော့ ခရီးစဥ်ကို နေ့လယ်ရွှေ့လိုက်ရတယ်။ သတင်းကို ဖုံးထားသေးတယ်၊ မီဒီယာတွေမှာတက်လာတော့ လိမ်လို့မရတော့ဘူး၊ PDF တွေက ထုတ်ပြန်တော့။ လပခမှာ တာဝန်ယူထားတဲ့ တိုင်းမှူးကို ခံဝန်ထိုးခိုင်းတယ်” လို့ ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စက်တင်ဘာ ၂၉ ရက် မနက် ၂ နာရီဝန်းကျင်က ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ် ပြန်ထားပါတယ်။

တိုင်းမှူးဖြစ်တာ ၄၅ ရက်တောင် မပြည့်သေးတဲ့ ဗိုလ်မှူးချုပ်ကျော်ကိုထိုက် ကို သြဂုတ် ၁၆ ရက်မှာ စစ်ခေါင်းဆောင်က ခန့်ခဲ့ပြီး စစ်သံမှူးဘဝက လာသူဖြစ်လို့ စစ်ဘက်ရေးရာနဲ့သတင်းပိုင်းဆိုင်ရာ အားနည်းတယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

မန္တလေးတိုင်းအတွင်း PDF အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇွန် ၂၉ ရက်မှ သြဂုတ် ၁၆ ရက်အတွင်း တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ဗိုလ်ချုပ် အောင်ခိုင်ဝင်းတို့ကို ပြောင်းလဲခဲ့ပြီး လက်ရှိမှာ ဗိုလ်မှူးချုပ် ကျော်ကိုထိုက်ကို ခန့်အပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013