DVB Logo
Home
နိုင်ငံတကာ
နီပေါနိုင်ငံတွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၅၀ နီးပါးရှိလာ
DVB
·
September 30, 2024
နီပေါနိုင်ငံတွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၅၀ နီးပါးရှိလာ
Donate to DVB

နီပေါနိုင်ငံမှာ ရေကြီးမြေပြိုတာတွေကြောင့် စက်တင်ဘာ ၂၉ ရက်အထိ သေဆုံးသူ အနည်းဆုံး ၁၄၈ ယောက်ထိ ရှိလာပြီး ပျောက်ဆုံးသူ ၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိလာပြီလို့ နီပေါရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

နီပေါနိုင်ငံမှာ ဘေးဒဏ်သင့်ဒေသတွေက စာသင်ကျောင်းတွေကို ၃ ရက်ကြာ ပိတ်ထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ရှ်မီး ဘတ်တာရိုင်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

တက္ကသိုလ်နဲ့ ကျောင်းအဆောက်အဦတွေ သိသိသာသာ ပျက်စီးမှုကို ပြုပြင်ဖို့လိုတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပညာရေး၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လက်ရှ်မီ ဘာတာရိုင် ကတော့ “ဘေးဒဏ်သင့် ဒေသတွေမှာရှိတဲ့ ကျောင်းတွေကို ၃ ရက်ကြာ ပိတ်ထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ တိုက်တွန်းထားတယ်” လို့ မှတ်ချက်ပြုပါတယ်။

မိုးသည်းလို့ လူဦးရေ ၄ သန်းရှိတဲ့ ခတ္တမန္ဒူချိုင့်ဝှမ်းဒေသမှာ နေ့စဉ်လူနေမှုဘဝနဲ့ သွားလာရေးတို့ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

မြို့တော်ရဲ့ တချို့နေရာတွေမှာ မိုးရေချိန် ၁၂ ဒသမ ၇ လက်မအထိ ကြုံတွေ့ရပြီး ဘဂ္ဂမတီမြစ်ဟာလည်း စိုးရိမ်ရေမှတ်အထက် ၇ ပေ မြင့်တက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ မိုးရွာသွန်းမှု လျော့သွားတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

ခတ္တမန္ဒူမြို့တော်ဆီသွားတဲ့ အဓိကလမ်းကြောင်းပေါ်မှာ မြေပြိုကျလို့ ရဲတပ်ဖွဲ့ဝင်တွေက ရွှံ့နွံတွေကို ရှင်းလင်းပြီး အလောင်းတွေကို ဆယ်ယူရင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

နီပေါပြည်ထဲရေးဝန်ကြီး ရာမိရှ်လေခက်ခ်က ခတ္တမန္ဒူတောင်ကြား ဆိုးဆိုးရွားရွား ပျက်စီးသွားတာကို အတည်ပြုခဲ့ပါတယ်။

“နီပေါစစ်တပ်နဲ့ နီပေါရဲတွေက တနိုင်ငံလုံးမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်” လို့လည်း ပြည်ထဲရေးဝန်ကြီးက ဆက်ပြောပါတယ်။

ခရိုင် ၇၇ ခုထဲက ခရိုင်ပေါင်း ၅၆ ခုမှာ မိုးကြောင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရှိတယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDRRMA) က သတိပေးထားပြီး ပြည်သူတွေ ဂရုစိုက်ကြဖို့ အကြံပြုထားပါတယ်။

အခုလိုမျိုး နွေမုတ်သုံရာသီမှာ တောင်အာရှနိုင်ငံတွရဲ့ နှစ်စဉ်မိုးရေချိန် ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ ရွာသွန်းလေ့ရှိပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေပါ အဖြစ်များတတ်ပါတယ်။

ဒါ့အပြင် နီပေါမိုးလေဝသဆိုင်ရာ တာဝန်ရှိသူတွေဟာ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းတခုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မိုးသက်လေပြင်းတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013