DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်သဖြင့်  အရပ်သားပြည်သူအချို့  ထိခိုက်သေဆုံး 
DVB
·
September 29, 2024
ကန့်ဘလူတွင် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်သဖြင့်  အရပ်သားပြည်သူအချို့  ထိခိုက်သေဆုံး 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ယောက် ထိခိုက်ခဲ့ပြီး တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့   ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စံပယ်နံ့သာရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး အနီးပတ်ဝန်းကျင် ကျေးရွာတွေကို လှည့်လည်ကာပြည်သူနေအိမ်တွေ မီးရှို့ခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

ဒေသခံရွာသားတယောက်က “၃ ကြိမ်စလုံး ဒရုန်းယာဉ်က စံပယ်နံ့သာရွာ စကစ စခန်းဘက်က လာချတာဗျ။ ချတဲ့ ဗုံးသီးက ၃ လုံးဗျ။ ဗုံးသီးချလို့ကျနော်တို့ ရေရှင်ကြီးရွာက ပြည်သူ ၁ ဦး ထိခိုက်ခဲ့တာဗျ။ အမည်က ကိုဝင်းဘို၊ အသက်က ၃၅၊ ၄၀လောက်ရှိမယ်။ ကျန်တာက မန္တလေး-မြစ်ကြီးနားသွား ခရီးသည်ပြည်သူတွေ ထိတာဗျ။ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့တယ်ဗျ။ အဲဒီ ၁၀ ဦးကျော်ထဲက အဘွားအိုတဦးကတော့ ဗုံးသီးချလို့ နှလုံးရပ်ပြီး သေဆုံးတာ”လို့ ပြောပါတယ်။

ရေရှင်ကြီးရွာဟာ စံပယ်နံ့သာရွာနဲ့ ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမမှာ တည်ရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။

ကန့်ဘလူ တောင်ခြမ်းပအဖ တာဝန်ရှိသူတယောက်က “အဲဒီရွာက ကျနော်တို့ ရွှေဘိုတိုက်နယ်ဘက် ပါတဲ့ရွာဗျ။ ရွာထဲကို ဗုံးသီးချတာက စုစုပေါင်း ၃ လုံးဗျ၊ ပထမအလုံးက နေ့လယ် ၃ နာရီခွဲလောက်မှာ စပြီးချတယ်။ ဒုတိယအလုံးက ၄ နာရီခွဲနဲ့ နောက်ဆုံးအလုံးက  ၆ နာရီထိုးခါနီးမှာ ချတာ။ ရွာထဲလည်း ဘာမှရှိဘူးဗျ။ ဘာကြောင့် ဗုံးသီးချလည်း မသိဘူး။ ရွာထဲမှာ ပြည်သူတွေပဲ ရှိတာကို ရွာထဲ တည့်တည့်ချတာ။ ကျနော်တို့နဲ့ကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့က ပြည်သူရွာတွေကို ဒုက္ခလှည့်ပေးနေကြတာ”လို့  ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် တရက်တည်းမှာတင် ကန့်ဘလူမြို့နယ် သီရိမွန်ရွာကိုလည်း နေ့လယ်  ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က  Mi35 နဲ့ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ ညနေ  ၅ နာရီခွဲမှာလည်း Mi35 နဲ့ သီရိမွန်ရွာနဲ့ မေတ္တာမွန်ရွာကြားကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013