DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်က ပျူစောထီးစခန်းကို တိုက်ခိုက်၊ ပျူစောထီး ၃ ဦးသေပြီး လက်နက်ခဲယမ်းများရရှိ
DVB
·
September 28, 2024
မြိုင်မြို့နယ်က ပျူစောထီးစခန်းကို တိုက်ခိုက်၊ ပျူစောထီး ၃ ဦးသေပြီး လက်နက်ခဲယမ်းများရရှိ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပျူစောထီး ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီကနေ သိရပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သရက်ကန်ပျူရွာစခန်းကို တိုက်မယ်ဆိုတာ သူတို့လက်နက်ချလို့ရအောင်လို့ ကြိုပြီး သတိပေးထားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဘက်က လက်နက်မချခဲ့ဘူး။ အဲဒါကြောင့် တိုက်ခိုက်ခဲ့ရတာပါ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က သရက်ကန်ကျေးရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ သတိပေးစာထုတ်ပြန်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲတဲ့အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့မှာ ခဏပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၃ ယောက် သေဆုံးပြီး  RPG ၃ ဖူး၊ G3 ကျည် ၂၇ တောင့်၊ ၅.၅၆ ကျည် ၉ တောင့်နဲ့ G3 ကျည်ဘောက် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့  တာဝန်ခံတယောက်က “အခုတိုက်ပွဲက ၇ ရက်လောက်ကြာတာပေါ့။ အဲဒီ ပျူရွာကိုတိုက်တော့မယ်လို့ သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း အဲဒီရွာက ရွာခံ ၄၀ ကျော်နဲ့ တိုက်ပွဲဖြစ်တဲ့ရက်တွေထဲမှာလည်း ထွက်ပြေးလာကြတဲ့ ရွာခံ ၂၀ ကျော်က ကျနော်တို့ဆီကို ခိုလှုံလာကြပြန်တယ်။ တိုက်ပွဲအတွင်းမှာ ပျူစောထီးတွေနဲ့ စစ်သား ၃ ယောက်သေတယ်။ ကျန်တဲ့သူ တချို့ကတော့ သရက်ကန်ရွာနဲ့ ၂ မိုင် လောက်ဝေးတဲ့ တွင်းမပျူရွာကိုထွက်ပြေးပြီး အဲဒီမှာသွားပေါင်းကြတယ်။ သရက်ကန်မှာ ပျူစောထီးတွေ တော်တော်များကျန်သေးတယ်။ တရွာလုံးသိမ်းနိုင်ဖို့ကတော့ ဆက်တိုက်ရဦးမယ်” လို့ ပြောပါတယ်။

သရက်ကန်ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဝိုင်းဝန်း ပိတ်ဆို့ ထားတဲ့အတွက် စစ်ကောင်စီတပ်ဘက်ကနေ ရိက္ခာမပို့ပေးနိုင်တာ ၆ လ နီးပါး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ TYK ပြောက်ကျားတပ်ဖွဲ့၊ Pakokku Pepole Defence Force(PPDF)၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊ ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စင်္ကြာ၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန်၊ Kamma Revolution Force (KMRF)၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Tiger Warrier Force၊ မြိုင်ရာဇာ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC၊ နံ့သာမြေရက္ခ၊ God of Myaing၊ Union Brother၊ Hunter Pakokku၊ Red Giant (RG) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက စစ်ကောင်စီတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းအများအပြားကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက် ထားတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013