DVB Logo
Home
မြန်မာသတင်း
အလုံတွင် အမျိုးသမီးငယ် ၁ ဦး ထိုးသွင်းဒဏ်ရာ ၁၇ ချက်ဖြင့် သေဆုံး
DVB
·
September 28, 2024
အလုံတွင် အမျိုးသမီးငယ် ၁ ဦး ထိုးသွင်းဒဏ်ရာ ၁၇ ချက်ဖြင့် သေဆုံး
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်မှာ ထိုးသွင်းဒဏ်ရာ ၁၇ ချက်နဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက် ၆ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေကပြောပြီး သတ်တဲ့သူကို လေဆိပ်မှာ ဖမ်းမိထားပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

အလောင်းကို ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ တိုက်အမှတ် ၄၀ ရဲ့ ၄ လွှာနဲ့ ၅ လွှာကြား လှေကားမှာ တွေ့ရတာဖြစ်ပြီး သေဆုံးနေသူဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က အသက် ၂၂ နှစ်အရွယ် အသားလတ်လတ် ပိန်ပိန်ပါးပါး ပေါင်ချိန် ၁၀၀ ဝန်းကျင်ရှိတဲ့ မစုစုငြိမ်း ဖြစ်ပြီး အဲဒီတိုက်ရဲ့ ၆ လွှာ အခန်းမှာ သူငယ်ချင်းအမျိုးသမီး ၄ ယောက်နဲ့အတူ စုပေါင်းနေထိုင်သူဖြစ်ပါတယ်။

ရပ်ကွက်နေသူတယောက်က “သူက ဆားလင်းကြီးကနေလာတာ။ ဘယ်သူသတ်တယ်လို့တော့ အတိအကျ မသိသေးဘူး။ သေဆုံးနေတာက ပက်လက်ပါပဲ။ ဓားနဲ့အထိုးခံထားရတာက လည်ပင်းမှာ ၁ ချက်၊ နံရိုးဘက်မှာ ၁ ချက်၊ ရင်ဘတ်မှာ ၇ ချက်လောက်၊ လက်မှာ ၂ ချက်၊ ကျောကုန်းမှာ  ၆ ချက်လောက်ရှိတယ်” လို့ ပြောပါတယ်။

သူ့ရဲ့ လက်ဖျံ၊ လည်ပင်းတည့်တည့်၊ ရင်ညွှန့်နဲ့ ကျောဘက်တို့မှာ ချွန်ထက်တဲ့ထိုးသွင်းဒဏ်ရာ ၁၇ ချက်ထက်မနည်းနဲ့ သေဆုံးနေတာဖြစ်ပြီး သေဆုံးသူအနီးက သွေးအိုင်ထဲမှာ ယောကျာ်းစီး ရှူးဖိနပ် ခြေရာနဲ့ ၄ လွှာအတက်မှာ ခေါက်ထီးတလက်ကျကျန်ခဲ့တာကို တွေ့ရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တရားခံက မိထားပြီး။ စစ်နေတုန်းပါ။ ဂျပန်ကနေ လေယာဉ်နဲ့လာပြီး လာသတ်တာ။ အခု ဂျပန်ပြန်မယ့်အချိန် လေဆိပ်မှာ မိထားတာ။ အသေးစိတ်တော့  စစ်နေတုန်းပါ” လို့ ပြောပါတယ်။

အလုံမြို့မရဲတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးချက်အရ အသတ်ခံရချိန်ဟာ မနက်အစောပိုင်း ၄ နာရီနဲ့ ၅ နာရီအကြားဖြစ်တဲ့အပြင် လူသတ်မှုကျူးလွန်သူကို မိထားပြီလို့ သိရပြီး သေဆုံးရုပ်အလောင်းကို သံဝေဂလူမှုကူ‌ညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို PR 025 အမှတ်နဲ့ ပို့ဆောင် ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013