
ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ YBS 144 ဘတ်စ်ကားတိုက်ခံရတာကြောင့် သက်ကြီးပိုင်း အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေဆီကသိရပါတယ်။
ဇူလိုင် ၁၄ ရက် မနက်က အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမပေါ်၊ ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ မောင်းလာတဲ့ YBS 144 ကားက အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးကို ဝင်တိုက်တာခဲ့တာလို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “အဘွားက ကားလမ်းကို ဖြတ်ကူးချိန် ကားက ဝင်တိုက်ခဲ့တာ။ အဲဒီအဘွားက လူကူးမျဉ်းကြားကူးတာပဲ၊ ကားက ရုတ်တရက်ဝင်တိုက်တာ” လို့ ပြောပါတယ်။
YBS 144 အတိုက်ခံရတဲ့ အဘွားဟာ ညာဘက်လက် အသားပြတ်ထွက်ဒဏ်ရာ၊ ဘက်ခြေသူကြွယ် ပြတ်ထွက်ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အဘွားနဲ့ပါလာတဲ့ ပစ္စည်း၊ ပိုက်ဆံနဲ့ဖုန်း တလုံးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သိမ်းဆည်းပေးထားပြီး ဖုန်းကတဆင့် မိသားစုဝင်တွေကို ဆက်သွယ်ရရှိပြီလို့ သိရပါတယ်။










