DVB Logo
Home
နိုင်ငံတကာ
Walk of Fame တွင် ဂုဏ်ပြုခံရသည့် ပထမဆုံးစူပါဟီးရိုး Batman ဖြစ်လာ
DVB
·
September 27, 2024
Walk of Fame တွင် ဂုဏ်ပြုခံရသည့် ပထမဆုံးစူပါဟီးရိုး Batman ဖြစ်လာ
Donate to DVB

Comic ဇာတ်ကောင် လင်းနို့လူသားဟာ ဟောလိဒ်ဝုဒ်ရဲ့ Walk of Fame မှာ ဂုဏ်ပြုခံရတဲ့ ပထမဆုံး စူပါဟီးရိုး ဖြစ်လာပါတယ်။

Batman ဟာ Comic စာအုပ်၊ တီဗွီနဲ့ ရုပ်ရှင်တွေမှာ သူရဲကောင်းအဖြစ် ၈၅ နှစ်ကြာ ရပ်တည်ခဲ့တာဖြစ်ပြီး ဟောလိဒ်ဝုဒ်ရဲ့ Walk of Fame ရဲ့ ကြယ်တပွင့်အဖြစ် ဂုဏ်ပြုခံရတာ ဖြစ်ပါတယ်။

ကာတွန်းစာအုပ်ကြိုက်သူတွေဟာ Batman ကို ၁၉၃၉ ခုနှစ်မှာ စတင်သိခွင့်ရခဲ့ပြီး စုံထောက်ဇာတ်လမ်းတခု အနေနဲ့ ထိတွေ့ခွင့်ရခဲ့တာပါ။

အဲဒီအချိန်ကတည်းက အမှောင်သူရဲကောင်း Dark Knight အဖြစ် Batman ကို ပရိသတ်တွေက ကြိုက်နှစ်သက်ခဲ့ကြပြီး တရားမျှတမှု၊ သတ္တိရှိမှုနဲ့၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့က သ‌င်္ကေတတခု ဖြစ်ခဲ့ပါတယ်။

စူပါ ပါဝါ လုံးဝမရှိဘဲ ညဏ်အရည်အသွေး၊ ကြိုးစားမှု၊ လေ့လာမှုတွေနဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တို့ဟာ Batman ချစ်သူတွေ လေးစားရတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။

Batman ကို ရုပ်ရှင်အဖြစ် မြင်တွေ့ခွင့်ရခဲ့တာဟာ ၁၉၄၀ ခုနှစ်ကပါ။  ဒါရိုက်တာ တင်ဘာတန် ရဲ့ Batman ရုပ်ရှင်တွေဟာ ပရိသတ်အကြိုက်ဖြစ်ခဲ့ပြီး သရုပ်ဆောင် မိုက်ကယ် ကီတန် ကလည်း Batman အဖြစ် အောင်မြင်မှုရခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာလည်း ခရစ်တိုဖာနိုလန်ရဲ့ ရုပ်ရှင်က Batman ရဲ့ ခေတ်သစ်တခုကို စတင်နိုင်ခဲ့တာဖြစ်ပြီး စူပါဟီးရိုးတွေထဲမှာ ဘယ်တော့မှမရိုးတဲ့ဇာတ်ကောင် ဖြစ်ခဲ့ပါတယ်။

ဟောလိဒ်ဝုဒ် Walk of fame မှာ နာမည်ကျော် ၂,၇၉၀ ရဲ့ အမည်တွေကို ရေးထိုးထားတာ ဖြစ်ပြီး စူပါဟီးရိုးတွေထဲမှာ Batman ဟာ ပထမဆုံး ဂုဏ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013