DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ဟိန္ဒူဘာသာရေးပွဲတော်အတွင်း ရေဆင်းချိုးသည့် လူ ၄၆ ဦး သေဆုံး
DVB
·
September 27, 2024
အိန္ဒိယတွင် ဟိန္ဒူဘာသာရေးပွဲတော်အတွင်း ရေဆင်းချိုးသည့် လူ ၄၆ ဦး သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပနေစဉ်အတွင်း ကလေးငယ် ၃၇ ယောက်နဲ့ အမျိုးသမီး ၇ ‌ယောက် အပါအဝင် အနည်းဆုံးလူ ၄၆ ယောက်ဟာ ရေနစ်သေဆုံးခဲ့ရကြောင်း သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ခရိုင် ၁၅ ခုက သေဆုံးသူဦးရေကို သဘာ၀ဘေးစီမံခန့်ခွဲရေး အရာရှိတယောက် အနေနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် မြစ်တွေနဲ့ ကန်တွေမှာ ရေတက်နေချိန်အတွင်း ရိုးရာဓလေ့အတိုင်း ရေဆင်းချိုးခဲ့တဲ့အတွက် ဒီအဖြစ်ဆိုးကြီးကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

၃ ရက်ကြာ ဂျီဗစ်ပူထရီကာ ပွဲတော်ဟာ ကလေးငယ်တွေကို သက်ရှည်ကျန်းမာစေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တဲ့အပြင် မိခင်တွေကပါ ဥပုသ်စောင့်ပေးကြတဲ့ကာလ ဖြစ်ပါတယ်။

အခုလိုမျိုး နှစ်စဉ်ကျင်းပတဲ့ ဘာသာရေးပွဲတော်ကို လာရောက်ကြသူတွေက ရေမြင့်တက်နေတဲ့ အန္တရာယ်အပေါ် အလေးမထားဘဲ ရေဆင်းချိုးခဲ့ကြတယ်ဆိုပြီး ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာ ဘီဟာပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရသူတွေရဲ့ မိသားစု ဆွေမျိုးတွေကို နစ်နာကြေးပေးမယ်လို့ အတည်ပြုပေမဲ့လည်း သေဆုံးသူ အရေအတွက်ဟာ ထပ်တက်လာနိုင်ခြေ ရှိပါတယ်။

အိန္ဒိယနိုင်ငံတဝန်းမှာ အရေးပါတဲ့ ပွဲတော်ကြီးတွေ ကျင်းပချိန်တိုင်း လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ပွဲတော်လာရောက်ကြတဲ့ လူစုလူဝေးကြီးတွေဟာ ကျင်းပရာနေရာနဲ့ မမျှသလို လုံခြုံရေးအစီအမံအတိုင်း လိုက်နာမှု အားနည်းတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီဘာသာရေးပွဲတော်တွေနဲ့ ပတ်သက်ရင် ၂၀၀၈ ခုနှစ်တုန်းက လူပေါင်း ၆၀ နီးပါးကို သေဆုံးစေခဲ့တဲ့ ရထားတိုက်မှုဖြစ်စဉ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ လူ ၁၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ လူနင်းခံရမှုဖြစ်ရပ်တွေဟာ အထင်ရှားဆုံးသာဓကပဲ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013