DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်၌ အသက် ၄၅ နှစ်အထက် ပြည်သူများကို စစ်သင်တန်း တက်ခိုင်း
DVB
·
September 27, 2024
ဆီဆိုင်၌ အသက် ၄၅ နှစ်အထက် ပြည်သူများကို စစ်သင်တန်း တက်ခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှုတွေရဲ့ လုံခြုံရေးယူပေးဖို့ အသက် ၄၅ နှစ် အထက် ပြည်သူတွေကို စစ်သင်တန်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်ကစပြီး သင်တန်းတက်ရမှာဖြစ်လို့ တရပ်ကွက်ကို လူ ၆ ယောက် တက်ပေးရ တယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူး မဲစာရင်းကောက်ချိန် သူ့နောက်လိုက်ပြီး လုံခြုဲရေးယူပေးဖို့တဲ့၊ တက်ရသူ ကျမတို့ ဦးလေးလည်း ပါတယ်။ အသက် ၄၅ ကနေမှ ၆၅ အထိ အကုန်တက်ရမယ်။ ခုပထမအသုတ်က ၇ ရက် သင်တန်းနဲ့တက်ရတယ်” လို့ ပြောပါတယ်။

သင်တန်းတက်ရောက်ပြီးသူ တချို့လည်း မဲစာရင်းကောက်တဲ့အချိန်မဟုတ်လည်း အုပ်ချုပ်ရေးမှူးရုံး၊ အုပ်ကြီးနောက်လိုက် လုံခြုံရေးကို ယူပေးရမယ်လို့လည်း စစ်တပ်က မှာထားတယ်လို့ ပြောပါတယ်။

အခုလို ခေါ်ယူပြီး မသွားတဲ့သူကို စစ်ကောင်စီက ငွေကျပ်သိန်း ၁၀၀ ကျော် တောင်းတယ်လို့ ပြောပါတယ်။

ဆီဆိုင်မြို့မှာ စစ်ကောင်စီအပြင် PNO ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော် PNLA လည်း စစ်မှုထမ်းခေါ်ယူမှု ရှိနေလို့ ဒေသခံတွေက အခက်ခဲကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013