DVB Logo
Home
နိုင်ငံတကာ
ညစ်ညမ်းရုပ်သံအတု ဖန်တီး၊ ရောင်းဝယ်၊ ကြည့်ရှုမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရန် တောင်ကိုရီးယားလွှတ်တော် အတည်ပြု
DVB
·
September 27, 2024
ညစ်ညမ်းရုပ်သံအတု ဖန်တီး၊ ရောင်းဝယ်၊ ကြည့်ရှုမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ရန် တောင်ကိုရီးယားလွှတ်တော် အတည်ပြု
Donate to DVB

AI နည်းပညာသုံးပြီး လူ့မျက်နှာနဲ့ ခန္ဓာကိုယ်တွေကို ပုံဖျက်ပြောင်းလဲထားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်၊ အသံဖိုင်တွေကို ဖန်တီးခြင်း၊ လက်ဝယ် ပိုင်ဆိုင်ထားခြင်း၊ ကြည့်ရှုခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်၊ ငွေဒဏ်တွေပါ ချမှတ် ပြစ်ဒဏ်စီရင်မယ့် ဥပဒေကြမ်းတရပ်ကို တောင်ကိုးရီးယားလွှတ်တော်အမတ်တွေက စက်တင်ဘာ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ 

လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အထူးကိစ္စရပ်များ အက်ဥပဒေကို တစိတ်တပိုင်း ပြန်လည်ပြင်ဆင်ခြင်းအတွက် ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဝူဝမ်းရှစ်က ပါလီမန်ညီလာခံမှာ ‌ကြေညာသွားတာပါ။ 

လောလောဆယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ ကျူးလွန်ခံရသူများ ကာကွယ်ရေးအက်ဥပဒေအရ လိင်အဖော်အချွတ် ရုပ်သံ/ဓာတ်ပုံတွေကို ရောင်းစားဖို့/ဖြန့်ဖြူးဝေမျှဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးခြင်းတွေအတွက် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဝမ်သန်း ၅၀ ချမှတ်နိုင်ပါတယ်။

ကိုယ်လုံးတီး လိင်အဖော်အချွတ်တွေနဲ့ တရားမဝင် ညစ်ညမ်းရုပ်သံ အတုအယောင်တွေကို ဖန်တီးပြီး တယ်လီဂရမ် ဂရုချက် (အုပ်စုဖွဲ့စကားဝိုင်း)တွေမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့တဲ့အပေါ် တောင်ကိုရီးယားမှာ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

ဥပဒေကြမ်းအရ ညစ်ညမ်းရုပ်သံ၊ ဓာတ်ပုံ၊ ဗွီဒီယိုတွေကို ဝယ်ယူခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် ကြည့်ရှုခြင်း ကျူးလွန်တဲ့ ဘယ်သူမဆို ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ (ဒေါ်လာ ၂၂,၆၀၀) အထိ ချမှတ်ခံရနိုင်ပါတယ်။ 

ဥပဒေအသစ် အသက်ဝင်လာတဲ့အခါကျရင် ဘာရည်ရွယ်ချက်နဲ့ ဖြစ်ပါစေ၊ အဲဒီပြစ်မှုတွေအတွက် အမြင့်ဆုံးထောင်ဒဏ်ကိုလည်း ၇ နှစ်အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

အခုဥပဒေကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ဖို့အတွက် သမ္မတ ယွန်းဆုခ်ယိုးလ် ရဲ့ အတည်ပြုချက်ကို လိုအပ်မှာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013