DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သည့် "ဖြတ်" ရုပ်ရှင် အမေရိကန်တွင် ပွဲဦးထွက် ပြသမည်
DVB
·
September 26, 2024
အကယ်ဒမီ မင်းမော်ကွန်း ပါဝင်သည့် "ဖြတ်" ရုပ်ရှင် အမေရိကန်တွင် ပွဲဦးထွက် ပြသမည်
Donate to DVB

တော်လှန်မင်းသားတလက်ဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖြတ်” အမည်ရတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုကို အခုလာမယ့် နိုဝင်ဘာလထဲ အမေရိကန်နိုင်ငံမှာ ပွဲဦးထွက်ပြသသွားမယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းကိုတော့ Together Production က စီစဉ်ပြီး ဒါရိုက်တာ စောအေးထူးက ရိုက်ကူးထားကာ မင်းမော်ကွန်းနဲ့အတူ အောင်မြင့်မြတ်၊ နေဇော်နိုင်၊ ဂျပန်ကြီး၊ ပိုးလေး၊ တိုးကျော် တို့နဲ့ တခြားသော CDM အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။

ဒီကားကိုတော့ လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ပွဲချိန် ၂ ချိန်ခွဲပြီးတော့ နယူးယောက်မြို့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး လက်မှတ်ခတစောင်ကို ၂၅ ဒေါ်လာ သတ်မှတ်ထားတာပါ။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ် ရှားမှုတွေဟာလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်တော်သားတွေ အနေနဲ့ အမှတ်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီး အရေးယူမှု တွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာ ခေါင်းဆောင် ပါဝင်ထားတဲ့ အကယ်ဒမီ မင်းမော်ကွန်းဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ ထွက်ပြေးတိမ်းရှောင် နေခဲ့ရတာဖြစ်ပြီး ဒါဟာ သူ့အတွက် စစ်အာဏာသိမ်းမှုအပြီး ၃ နှစ်ကျော်အကြာမှာ ပထမဆုံး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

"ဖြတ်" ရုပ်ရှင်ကို အားပေးလိုသူတွေအနေနဲ့ နယူးယောက်မြို့ အခြေစိုက် Helping Hands for Burma- H2B အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်၊ ဒါမှမဟုတ် ဖုန်းနံပါတ်တွေဖြစ်တဲ့ (646) 290-4272 ၊ (917) 363-6978 ၊ (646) 266-7368 တို့ကတဆင့် ကြိုတင်ဝယ်ယူ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013